-
၂ ရှမွေလ ၇:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ပတ်ဝန်းကျင်ရန်သူတွေရဲ့ ဘေးရန်ကနေ ယေဟောဝါ ကင်းဝေးစေတဲ့အတွက် ဒါဝိဒ်မင်းက နန်းတော်မှာ စံမြန်းနေရတဲ့အခါ၊+ ၂ ပရောဖက်နာသန်ကို+ ခေါ်ပြီး “သစ်ကတိုးသားနဲ့ဆောက်တဲ့ နန်းတော်မှာ ငါစံနေရပေမဲ့+ စစ်မှန်တဲ့ဘုရားသခင်ရဲ့ သေတ္တာတော်ကျတော့ တဲမှာပဲ ရှိနေတယ်”+ လို့ပြောတယ်။ ၃ နာသန်က “ယေဟောဝါဘုရားဟာ မင်းကြီးနဲ့အတူ ရှိတာပဲ။ မင်းကြီးဆန္ဒရှိတဲ့အတိုင်းသာ လုပ်ပါ”+ လို့ပြန်ပြောတယ်။
-
-
၁ ရာဇဝင်ချုပ် ၁၅:၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ဒါဝိဒ်က နန်းဆောင်တွေကို ဒါဝိဒ်မြို့မှာ ထပ်ပြီးတည်ဆောက်တယ်။ စစ်မှန်တဲ့ဘုရားသခင်ရဲ့ သေတ္တာတော်ထားဖို့ နေရာပြင်ဆင်ပြီး တဲတစ်ဆောင် တည်ဆောက်တယ်။+
-