-
၂ ရှမွေလ ၈:၅-၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ဇောဘဘုရင် ဟာဒဒေဇာကို စစ်ကူဖို့ ဒမတ်စကတ်မြို့သား ဆီးရီးယားလူတွေ+ ရောက်လာတဲ့အခါ ဒါဝိဒ်က ဆီးရီးယားတပ်သား ၂၂,၀၀၀ ကို နှိမ်နင်းပြီး၊+ ၆ ဆီးရီးယားပြည်၊ ဒမတ်စကတ်မြို့မှာ မြို့စောင့်တပ်တွေချထားလိုက်တယ်။ ဒါကြောင့် ဆီးရီးယားလူတွေဟာ ဒါဝိဒ်ရဲ့ လက်အောက်ခံတွေဖြစ်လာပြီး ဆက်ကြေးပေးရတယ်။ ယေဟောဝါက ဒါဝိဒ်စစ်ချီသွားတဲ့အခါတိုင်း အောင်ပွဲခံစေတယ်။+ ၇ ဒါဝိဒ်က ဟာဒဒေဇာရဲ့ မင်းမှုထမ်းတွေဆီကနေ ရွှေဒိုင်းဝိုင်းတွေကို သိမ်းယူပြီး ဂျေရုဆလင်မြို့ကို သယ်လာတယ်။+ ၈ ဟာဒဒေဇာပိုင်တဲ့ ဘေတမြို့နဲ့ ဗေရောသာမြို့ကနေ ကြေးနီအမြောက်အမြားကိုလည်း သိမ်းယူခဲ့တယ်။
-