ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ဘုရင်များ ၂၂:၁၄-၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ ဒါနဲ့ ပုရောဟိတ်ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသာယတို့က ပရောဖက်မ+ ဟုလဒဆီ သွားတယ်။ ဟုလဒက ဟရဟတ်ရဲ့မြေး၊ တိကဝရဲ့သား အဝတ်ခန်းတာဝန်ခံ ရှလုံရဲ့ဇနီးဖြစ်ပြီး ဂျေရုဆလင်မြို့ရဲ့ ကွက်သစ်မှာ နေထိုင်တယ်။ သူတို့ အကျိုးအကြောင်း ပြောပြတဲ့အခါ၊+ ၁၅ ဟုလဒက “အစ္စရေးတို့ရဲ့ဘုရား  ယေဟောဝါ  မိန့်မှာတယ်– ‘မင်းတို့ကို လွှတ်လိုက်တဲ့သူကို ပြန်ပြောလိုက်ပါ။ ၁၆ “ယေဟောဝါပြောတာက ‘ဒီမြို့နဲ့မြို့သားတွေအပေါ် ငါ ဘေးဆိုး ကျရောက်စေမယ်။ ယုဒဘုရင်ဖတ်ရတဲ့ ကျမ်းလိပ်ထဲကစကားတွေအတိုင်း  သူတို့  ကြုံရလိမ့်မယ်။+ ၁၇ သူတို့က ငါ့ကိုစွန့်ပြီး တခြားဘုရားတွေဆီ ပူဇော်သက္ကာတွေ မီးရှို့ပူဇော်တယ်။+ သူတို့လက်နဲ့လုပ်တဲ့ အရာတွေကို ကိုးကွယ်ပြီး ငါ့ကို စိတ်ဆိုးစေတယ်။+ ဒါကြောင့် ဒီမြို့အပေါ် မငြိမ်းနိုင်တဲ့ အမျက်တော်မီး လောင်လိမ့်မယ်။’”+ ၁၈ ယေဟောဝါကို မေးမြန်းဖို့ စေလွှတ်လိုက်တဲ့ ယုဒဘုရင်ကို ပြန်ပြောလိုက်ပါ။ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတာက ‘မင်းကြားရတဲ့စကားတွေနဲ့ ပတ်သက်လို့၊ ၁၉ ငါယေဟောဝါ ပြောမယ်– ဒီမြို့နဲ့ မြို့သားတွေဟာ ထိတ်လန့်စရာ၊ ကျိန်စာတိုက်စရာ ဖြစ်ရမယ်ဆိုတဲ့ ငါ့စီရင်ချက်ကို ကြားတဲ့အခါ မင်း စိတ်ထိခိုက်ပြီး ငါယေဟောဝါရှေ့မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခဲ့တယ်။+ အဝတ်ကို ဆွဲဆုတ်ပြီး+ ငါ့ရှေ့မှာ ငိုကြွေးခဲ့တယ်။ ဒါကို ငါကြားတယ်။ ၂၀ ဒါကြောင့် မင်းဟာ ဘိုးဘေးတွေ စုဝေးရာကို ရောက်သွားလိမ့်မယ်။* သင်္ချိုင်းဂူမှာ အေးအေးချမ်းချမ်း လဲလျောင်းရလိမ့်မယ်။ ဒီမြို့အပေါ် ငါကျရောက်စေမယ့် ဘေးဆိုးတွေကို မင်းမြင်ရမှာ မဟုတ်ဘူး’”’” လို့ပြောတယ်။ ဒါနဲ့ သူတို့လည်း ယောရှိကို အကြောင်းစုံ ပြန်လျှောက်တင်တယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ