ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရာဇဝင်ချုပ် ၃၄:၂၂-၂၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ဒါနဲ့ ဟိလခိက ယောရှိစေလွှတ်သူတွေနဲ့အတူ ပရောဖက်မ+ ဟုလဒဆီ သွားတယ်။ ဟုလဒက ဟရဟတ်ရဲ့မြေး၊  တိကဝရဲ့သား  အဝတ်ခန်းတာဝန်ခံ ရှလုံရဲ့ဇနီး ဖြစ်ပြီး ဂျေရုဆလင်မြို့ရဲ့ ကွက်သစ်မှာ နေထိုင်တယ်။ သူတို့ အကျိုးအကြောင်း ပြောပြတဲ့အခါ၊+ ၂၃ ဟုလဒက “အစ္စရေးတို့ရဲ့ဘုရား  ယေဟောဝါ  မိန့်မှာတယ်– ‘မင်းတို့ကို လွှတ်လိုက်တဲ့သူကို ပြန်ပြောလိုက်ပါ။ ၂၄ “ယေဟောဝါပြောတာက  ‘ဒီမြို့နဲ့ မြို့သားတွေအပေါ် ငါ ဘေးဆိုးကျရောက်စေမယ်။+ ယုဒဘုရင်ရှေ့မှာဖတ်တဲ့ ကျမ်းလိပ်ထဲက ကျိန်စာတွေအတိုင်း သူတို့ကြုံရလိမ့်မယ်။+ ၂၅ သူတို့က ငါ့ကိုစွန့်ပြီး+ တခြားဘုရားတွေဆီ ပူဇော်သက္ကာတွေ မီးရှို့ပူဇော်တယ်။ သူတို့လက်နဲ့ လုပ်တဲ့အရာတွေကို ကိုးကွယ်ပြီး ငါ့ကို စိတ်ဆိုးစေတယ်။+ ဒါကြောင့် ဒီမြို့အပေါ် မငြိမ်းနိုင်တဲ့ အမျက်တော်မီး လောင်လိမ့်မယ်။’”+ ၂၆ ယေဟောဝါကို မေးမြန်းဖို့ စေလွှတ်လိုက်တဲ့ ယုဒဘုရင်ကို ပြန်ပြောလိုက်ပါ။ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတာက ‘မင်းကြားရတဲ့ စကားတွေနဲ့ ပတ်သက်လို့၊+ ၂၇ ငါယေဟောဝါ ပြောမယ်– ဒီမြို့နဲ့မြို့သားတွေနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ စီရင်ချက်ကို ကြားတဲ့အခါ မင်း စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခဲ့တယ်။ ကိုယ်ကို နှိမ့်ချတဲ့အပြင် အဝတ်ကို ဆွဲဆုတ်ပြီး ငါ့ရှေ့မှာ ငိုကြွေးခဲ့တယ်။ ဒါကို ငါကြားတယ်။+ ၂၈ ဒါကြောင့် မင်းဟာ ဘိုးဘေးတွေ စုဝေးရာကို ရောက်သွားလိမ့်မယ်။* သင်္ချိုင်းဂူမှာ အေးအေးချမ်းချမ်း လဲလျောင်းရလိမ့်မယ်။ ဒီမြို့နဲ့ မြို့သားတွေအပေါ် ငါကျရောက်စေမယ့် ဘေးဆိုးတွေကို မြင်ရမှာ မဟုတ်ဘူး’”’”+ လို့ပြောတယ်။

      ဒါနဲ့  သူတို့က  ယောရှိမင်းကိုအကြောင်းစုံ  ပြန်လျှောက်တင်တယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ