-
ဆာလံ ၁၀၅:၂၇-၃၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ မောရှေနဲ့ အာရုန်က သူတို့အလယ်မှာ ထူးဆန်းတဲ့အရာတွေ လုပ်ပြတယ်။
ဟာမပြည်မှာ အံ့ဖွယ်အမှုတွေ လုပ်ပြတယ်။+
၂၈ မှောင်မိုက်ကို ဘုရားစေလွှတ်လိုက်တဲ့အခါ တိုင်းပြည် မှောင်မိုက်သွားတယ်။+
မောရှေနဲ့ အာရုန်က အမိန့်တော်ကို မလွန်ဆန်ကြဘူး။
၂၉ ဘုရားက ရေကို သွေးဖြစ်စေတယ်။
ငါးတွေကို သေစေတယ်။+
၃၀ သူတို့ပြည်မှာ၊ နန်းဆောင်တွေထဲမှာ
ဖားတွေ အပြည့်ပဲ။+
၃၁ ဘုရား အမိန့်ပေးလိုက်တဲ့အခါ
မှက်နဲ့ ဖြုတ်တွေ တိုင်းပြည်ထဲ ဝင်လာတယ်။+
၃၂ မိုးရေအစား မိုးသီးတွေ ရွာကျစေတယ်။
သူတို့ပြည်အပေါ် လျှပ်စီးလက်စေတယ်။+
၃၃ စပျစ်ပင်နဲ့ သဖန်းပင်တွေကို သေစေတယ်။
တိုင်းပြည်မှာရှိတဲ့ သစ်ပင်တွေကို ချိုးပစ်တယ်။
၃၄ ဘုရားအမိန့်ပေးလိုက်တဲ့အခါ အတိုင်းမသိများတဲ့ ကျိုင်းကောင်တွေ၊
ကျိုင်းကောင်ပေါက်တွေ
တိုင်းပြည်ထဲ ဝင်လာပြီး၊+
၃၅ အပင်ရှိသမျှကို ကိုက်စားပစ်တယ်။
မြေထွက်သီးနှံတွေကိုလည်း ကိုက်စားပစ်တယ်။
၃၆ အဲဒီနောက် တိုင်းပြည်မှာရှိတဲ့ သားဦးတွေ၊
ရင်သွေးဦးတွေကို တစ်ယောက်မကျန် ကွပ်မျက်တယ်။+
-