-
ဟေရှာယ ၂:၂၊ ၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
တောင်ကုန်းတွေရဲ့ အထက်မှာ ချီးမြှောက်ခံရမယ်။
အဲဒီတောင်ပေါ်ကို လူမျိုးအားလုံး တဖွဲဖွဲတက်သွားကြမယ်။+
၃ လူများစွာက တောင်ပေါ်တက်သွားရင်းနဲ့
“လာကြ။ ယေဟောဝါဘုရားရဲ့ တောင်ပေါ်၊
ယာကုပ်ရဲ့ ဘုရားသခင့်အိမ်တော်ကို တက်သွားကြစို့။+
ဘုရားက ငါတို့ကို နည်းလမ်းတော်တွေ သွန်သင်ပေးမယ်။
ဘုရားရဲ့လမ်းစဉ်အတိုင်း ငါတို့ လျှောက်လှမ်းကြမယ်”+ လို့ ပြောကြလိမ့်မယ်။
ပညတ်တော်က ဇိအုန်ကနေ၊
ယေဟောဝါရဲ့ နှုတ်ထွက်စကားက ဂျေရုဆလင်မြို့ကနေ ပေါ်ထွက်လာမယ်။+
-
-
ဗျာဒိတ် ၇:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ အဲဒီနောက် ကျွန်တော်ကြည့်လိုက်တဲ့အခါ မရေတွက်နိုင်အောင်များတဲ့ လူအုပ်ကြီးတစ်အုပ်ကို မြင်တယ်။ သူတို့ဟာ လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက ထွက်လာသူတွေပဲ။+ ရာဇပလ္လင်နဲ့ သိုးသငယ်ရှေ့မှာ ရပ်နေပြီး ဝတ်လုံဖြူ ဝတ်ဆင်ထားတယ်။+ စွန်ပလွံခက်တွေ ကိုင်ထားတယ်။+ ၁၀ သူတို့က “ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရားသခင်နဲ့+ သိုးသငယ်ရဲ့ ကျေးဇူးတော်ကြောင့် ငါတို့ ကယ်တင်ခြင်းရတာ”+ ဆိုပြီး တစ်ခဲနက် ကြွေးကြော်ကြတယ်။
-