-
ဆာလံ ၁၃၅:၁၅-၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ တခြားလူမျိုးတွေရဲ့ ဘုရားတွေဟာ ရွှေငွေနဲ့လုပ်ထားတဲ့ ရုပ်တုတွေပဲ။
လူ့လက်နဲ့ လုပ်ထားတာတွေပဲ။+
၁၆ အဲဒီရုပ်တုတွေမှာ ပါးစပ်ရှိပေမဲ့ စကားမပြောတတ်ဘူး။+
မျက်စိရှိပေမဲ့ မမြင်ဘူး။
၁၇ နားရှိပေမဲ့ မကြားဘူး။
ခံတွင်းထဲမှာလည်း ထွက်သက်ဝင်သက် မရှိဘူး။+
၁၈ ရုပ်တုလုပ်တဲ့သူတွေရော ယုံကြည်ကိုးစားသူတွေပါ
အဲဒီရုပ်တုတွေလိုပဲ ဖြစ်သွားလိမ့်မယ်။+
-
-
ဟေရှာယ ၄၀:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ လက်မှုပညာသည်က ရုပ်တုကို သွန်းလုပ်တယ်။
ပန်းထိမ်သမားက ရုပ်တုကို ရွှေချပြီး+ ငွေကြိုးတွေနဲ့ အလှဆင်တယ်။
-
-
ယေရမိ ၁၀:၈၊ ၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ သူတို့တွေဟာ စဉ်းစားဉာဏ်မဲ့ပြီး မိုက်မဲကြတယ်။+
သစ်သားရုပ်တုကပေးတဲ့ သွန်သင်ချက်ဟာ လှည့်စားမှုသက်သက်ပဲ။+
၉ လက်မှုပညာသည်တွေ၊
ပန်းထိမ်သမားတွေက တာရှိပြည်ကနေ+ တင်သွင်းလာတဲ့ ငွေပြားတွေ၊ ဥဖတ်မြို့ကနေ တင်သွင်းလာတဲ့ ရွှေတွေကို သုံးပြီး ရုပ်တုတွေကို မွမ်းမံကြတယ်။
အပြာရောင်ချည်နဲ့ ခရမ်းရောင်သိုးမွေးတွေ ဝတ်ဆင်ပေးကြတယ်။
အဲဒီရုပ်တုအားလုံးဟာ ပညာသည်တွေ ထုလုပ်တဲ့ လက်ရာတွေပဲ။
-
-
၁ ကောရိန္သု ၁၀:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ ကျွန်တော် အဲဒီလိုပြောလိုက်တဲ့အတွက် ရုပ်တုနဲ့ ရုပ်တုရှေ့ ပူဇော်ထားတဲ့အရာက အရေးကြီးတဲ့သဘောလား။
-