-
ဆာလံ ၁၁၅:၄-၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ သူတို့ရဲ့ ဘုရားတွေကတော့ ရွှေငွေနဲ့လုပ်ထားတဲ့ ရုပ်တုတွေပဲ။
လူ့လက်နဲ့ လုပ်ထားတာတွေပဲ။+
၅ အဲဒီရုပ်တုတွေမှာ ပါးစပ်ရှိပေမဲ့ စကားမပြောတတ်ဘူး။+
မျက်စိရှိပေမဲ့ မမြင်ဘူး။
၆ နားရှိပေမဲ့ မကြားဘူး။
နှာခေါင်းရှိပေမဲ့ အနံ့မခံနိုင်ဘူး။
၇ လက်ရှိပေမဲ့ မထိတွေ့နိုင်ဘူး။
ခြေထောက်ရှိပေမဲ့ လမ်းမလျှောက်နိုင်ဘူး။+
လည်ချောင်းနဲ့လည်း အသံမပြုနိုင်ဘူး။+
၈ ရုပ်တုလုပ်တဲ့သူတွေရော ယုံကြည်ကိုးစားသူတွေပါ
အဲဒီရုပ်တုတွေလိုပဲ ဖြစ်သွားလိမ့်မယ်။+
-
-
၁ ကောရိန္သု ၁၀:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ ကျွန်တော် အဲဒီလိုပြောလိုက်တဲ့အတွက် ရုပ်တုနဲ့ ရုပ်တုရှေ့ ပူဇော်ထားတဲ့အရာက အရေးကြီးတဲ့သဘောလား။
-