-
၁ ဘုရင်များ ၈:၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော်က ‘မင်းရဲ့ သားမြေးတွေဟာ မင်းလိုပဲ သစ္စာရှိတဲ့ လမ်းစဉ်အတိုင်း ဂရုတစိုက် လျှောက်လှမ်းမယ်ဆိုရင် အစ္စရေး ရာဇပလ္လင်ပေါ်မှာ နန်းထိုင်မယ့် မင်းရဲ့မျိုးဆက် ဘယ်တော့မှ မပြတ်စေရဘူး’ ဆိုပြီး ကိုယ်တော့်ကျွန် ခမည်းတော်ဒါဝိဒ်ကို ပေးခဲ့တဲ့ ကတိကို တည်စေပါ။+
-
-
ယေရမိ ၃၃:၂၀၊ ၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ “ယေဟောဝါ ပြောမယ်– ‘ငါပြဋ္ဌာန်းထားတဲ့ နေ့ပဋိညာဉ်နဲ့ ညပဋိညာဉ်ကို မင်းတို့ချိုးဖျက်ပြီး နေ့တွေညတွေ သူ့အချိန်နဲ့သူ ရောက်မလာအောင် တားဆီးနိုင်မှပဲ၊+ ၂၁ ငါ့အတွက် အမှုဆောင်မယ့် လေဝိအနွယ် ပုရောဟိတ်တွေနဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ရော+ ငါ့ကျွန်ဒါဝိဒ်နဲ့ ဖွဲ့ထားတဲ့ ပဋိညာဉ်ပါ ပျက်ပြယ်နိုင်လိမ့်မယ်။+ အဲဒီလိုသာ ပျက်ပြယ်ခဲ့ရင် ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ်မှာ နန်းထိုင်မယ့် သားတစ်ယောက်မှ ကျန်မှာမဟုတ်ဘူး။+
-
-
မဿဲ ၉:၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ အဲဒီကနေ ယေရှုထွက်လာတဲ့အခါ မျက်မမြင်နှစ်ယောက်+ လိုက်လာပြီး “ဒါဝိဒ်ရဲ့သား၊ ကျွန်တော်တို့ကို သနားပါဦး” လို့အော်ပြောကြတယ်။
-
-
တမန်တော် ၁၃:၂၂၊ ၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ အဲဒီနောက် ရှောလုကို ဖယ်ရှားပြီး ဒါဝိဒ်ကို ဘုရင်အဖြစ် ရွေးချယ်လိုက်တယ်။+ သူနဲ့ပတ်သက်ပြီး သက်သေခံတဲ့အခါ ဘုရားက ‘ယေရှဲရဲ့သား+ ဒါဝိဒ်ကို ငါတွေ့ပြီ။ သူဟာ ငါနဲ့ စိတ်သဘောထားချင်း ကိုက်ညီသူပဲ။+ ငါအလိုရှိသမျှကို သူ ဆောင်ရွက်လိမ့်မယ်’ လို့ပြောခဲ့တယ်။ ၂၃ ဘုရားသခင်က ကတိပေးထားတဲ့အတိုင်း အစ္စရေးတွေအတွက် ကယ်တင်ရှင်ယေရှုကို ဒါဝိဒ်ရဲ့မျိုးနွယ်ကနေ ပေါ်ထွန်းစေပြီ။+
-