ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရှမွေလ ၇:၁၆၊ ၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ မင်းရဲ့မျိုးဆက်၊ မင်းရဲ့နိုင်ငံဟာ ထာဝစဉ် တည်တံ့လိမ့်မယ်။ မင်းရဲ့ရာဇပလ္လင်လည်း ထာဝစဉ် တည်မြဲလိမ့်မယ်။”’”+

      ၁၇ နာသန်က မြင်ခဲ့ရတဲ့ စိတ်အာရုံအကြောင်း၊ ကြားခဲ့ရတဲ့ စကားတွေအကြောင်း တစ်ခုမကျန် ဒါဝိဒ်ကို ပြန်ပြောပြတယ်။+

  • ၂ ရှမွေလ ၂၃:၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၅ ငါ့ရဲ့မင်းဆက်ကလည်း ဘုရားသခင်ရှေ့မှာ အဲဒီလိုပဲ။

      ဘုရားသခင်က ငါနဲ့ ထာဝရပဋိညာဉ် ဖွဲ့တယ်။+

      အသေးစိတ် စီစဉ်ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းတယ်။

      ငါ့အတွက် အကြွင်းမဲ့ကယ်တင်ခြင်း၊ ငါအနှစ်သက်ဆုံးအရာ ဖြစ်နေလို့

      အဲဒီပဋိညာဉ်ကို ရှင်သန်တိုးပွားစေမယ် မဟုတ်လား။+

  • ဆာလံ ၈၉:၃၄၊ ၃၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၄ ပဋိညာဉ်ကို ငါမချိုးဖောက်ဘူး။+

      နှုတ်ထွက်စကားကို ငါမပြောင်းလဲဘူး။+

      ၃၅ ငါ့ရဲ့ သန့်ရှင်းမြင့်မြတ်မှုကို တိုင်တည်ပြီး အပြီးသတ် ကျိန်ဆိုခဲ့တယ်။

      ဒါဝိဒ်ကို ငါလိမ်မပြောဘူး။+

  • ဆာလံ ၁၃၂:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ ယေဟောဝါက ဒါဝိဒ်ကို ကျိန်ဆိုခဲ့တယ်။

      ဒီစကားတွေကို ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူး-

      “မင်းရဲ့ ရင်သွေးတစ်ယောက်ကို

      မင်းရဲ့ ရာဇပလ္လင်ပေါ် နန်းထိုင်စေမယ်။+

  • ဟေရှာယ ၅၅:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၃ နားစွင့်ကြ။ ငါ့ဆီ လာကြ။+

      နားထောင်ကြ။ ဒါဆို မင်းတို့ ဆက်အသက်ရှင်လိမ့်မယ်။

      ငါက မင်းတို့နဲ့ ထာဝရပဋိညာဉ် ဖွဲ့မယ်။+

      ဒါဝိဒ်ကို ကတိပေးခဲ့တဲ့ ခိုင်မြဲတဲ့မေတ္တာမျိုး မင်းတို့ကို ပြမယ်။ အဲဒီမေတ္တာဟာ ယုံကြည်စိတ်ချထိုက်တယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ