ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဧသတာ ၈:၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ အမိန့်တော်စာ  ရောက်လေရာ ခရိုင်နဲ့ မြို့အားလုံးမှာ ဂျူးတွေဟာ ဝမ်းမြောက်ရွှင်လန်းပြီး စားသောက်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတယ်။ ပြည်သူပြည်သား အတော်များများ ဂျူးတွေကိုကြောက်ပြီး ဂျူးဘာသာထဲ ဝင်လာကြတယ်။+

  • ဟေရှာယ ၁၄:၁၊ ၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ ယေဟောဝါက  ယာကုပ်ကို ကရုဏာပြမယ်။+ အစ္စရေးကို ပြန်ရွေးချယ်မယ်။+ သူတို့ရဲ့နေရင်းပြည်မှာ နေထိုင်စေမယ်။+ တိုင်းတစ်ပါးသားတွေက  သူတို့နဲ့ လာပူးပေါင်းမယ်။ ယာကုပ်အမျိုးနဲ့အတူ နေထိုင်လိမ့်မယ်။+ ၂ လူမျိုးခြားတွေက အစ္စရေးတွေကို နေရင်းပြည်ဆီ ပြန်ခေါ်လာမယ်။ အဲဒီလူမျိုးခြားတွေဟာ ယေဟောဝါရဲ့ပြည်မှာ သူတို့ရဲ့ကျေးကျွန်တွေ ဖြစ်လာမယ်။+ အစ္စရေးတွေက မိမိတို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့သူတွေကို ပြန်ဖမ်းဆီးရလိမ့်မယ်။ တစ်ချိန်တုန်းက အတင်းအကျပ် ခိုင်းစေခဲ့သူတွေကို ပြန်အုပ်ချုပ်ရလိမ့်မယ်။

  • ဟေရှာယ ၄၉:၂၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၃ ဘုရင်တွေဟာ မင်းကိုကြည့်ရှုစောင့်ရှောက်သူတွေ ဖြစ်လာမယ်။+

      မင်းသမီးတွေဟာ မင်းရဲ့အထိန်းတွေ ဖြစ်လာမယ်။

      သူတို့က မြေပေါ် ပျပ်ဝပ်ဦးချပြီး+ မင်းရဲ့ခြေမှာ ကပ်နေတဲ့ ဖုန်မှုန့်ကို လျက်လိမ့်မယ်။+

      ငါဟာ ယေဟောဝါပဲဆိုတာ မင်းသိရလိမ့်မယ်။

      ငါ့ကိုမျှော်လင့်သူတွေ အရှက်ကွဲရမှာ မဟုတ်ဘူး။”+

  • ဟေရှာယ ၆၀:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ မင်းကိုဖိနှိပ်ခဲ့သူတွေရဲ့ သားတွေ မင်းဆီ လာပြီး ဦးညွှတ်ရလိမ့်မယ်။

      မင်းကို မလေးမစားဆက်ဆံသူတွေလည်း ခြေရင်းမှာ ပျပ်ဝပ်ရလိမ့်မယ်။

      မင်းကို ယေဟောဝါရဲ့မြို့တော်၊

      အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ရဲ့ ဇိအုန်မြို့လို့ သမုတ်ကြလိမ့်မယ်။+

  • ဟေရှာယ ၆၁:၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၅ “သူစိမ်းတွေ ရောက်လာပြီး မင်းတို့ရဲ့ သိုးအုပ်တွေကို ထိန်းကျောင်းမယ်။

      တိုင်းတစ်ပါးသားတွေဟာ+ မင်းတို့ရဲ့ လယ်သမားတွေ၊ စပျစ်ခြံလုပ်သားတွေ ဖြစ်လိမ့်မယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ