-
ဝတ်ပြုရာ ၂:၁၊ ၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ “‘လူတစ်ယောက်က ယေဟောဝါဆီ ကောက်နှံအလှူ+ ဆက်သမယ်ဆိုရင် ဂျုံနုကို ပေးလှူရမယ်။ ဂျုံနုပေါ် ဆီလောင်း၊ လောဗန်* တင်ပြီး၊+ ၂ အာရုန်ရဲ့သား ပုရောဟိတ်တွေဆီ ယူလာရမယ်။ ပုရောဟိတ်က ဆီလောင်းထားတဲ့ ဂျုံနု လက်တစ်ဆုပ်စာနဲ့ လောဗန်ရှိသမျှကို ယူပြီး ကိုယ်စားပြုအလှူအဖြစ်+ ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ဒါဟာ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူပဲ။
-