ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ဘုရင်များ ၁၈:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ ဟေဇကိနန်းစံ ၁၄ နှစ်မှာ အဆီးရီးယားဘုရင်+ သနာခရိပ်က ယုဒပြည်ရဲ့ ခံတပ်မြို့အားလုံးကို တိုက်ခိုက်သိမ်းယူလိုက်တယ်။+

  • ၂ ရာဇဝင်ချုပ် ၃၂:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၂ အဲဒါတွေကို ဟေဇကိမင်း သစ္စာရှိရှိ လုပ်ဆောင်ပြီးတဲ့နောက်မှာ+ အဆီးရီးယားဘုရင် သနာခရိပ်က ယုဒပြည်ကို ကျူးကျော် ဝင်ရောက်လာတယ်။ မြို့ရိုးတွေကို ဖြိုဖျက်ပြီး သိမ်းပိုက်မယ်ဆိုတဲ့ အကြံနဲ့ ခံတပ်မြို့တွေကို ဝိုင်းထားတယ်။+

  • ဟေရှာယ ၈:၇၊ ၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၇ ဒါကြောင့် ငါယေဟောဝါက သူတို့ကိုတိုက်ဖို့

      မြစ်ကြီးရဲ့* မာန်ဟုန်ပြင်းတဲ့ ရေနဲ့တူတဲ့

      အဆီး ရီးယားဘုရင်နဲ့+ သူ့ရဲ့ အစွမ်းခွန်အားရှိသမျှကို ခေါ်လာမယ်။

      သူကမြစ်ကမ်းပါး ကျော်တဲ့အထိ လျှံတက်လာပြီး

      ဒလဟောစီးတဲ့ ရေလုံးကြီးလို တစ်ဟုန်ထိုး ချီတက်လာမယ်။

       ၈ အဲဒီနောက် ယုဒပြည်ကို တိုက်ချလိမ့်မယ်။

      သူဟာ တစ်ပြည်လုံးကို လွှမ်းမိုးပြီး လည်ပင်းအထိ တက်လာတဲ့ရေလို ဖြစ်သွားမယ်။+

      သူ့ရဲ့တောင်ပံတွေက တစ်ပြည်လုံးကို အုပ်မိုးလိမ့်မယ်။

      အို ဧမာနွေလ။”*+

  • ဟေရှာယ ၁၀:၂၈-၃၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၈ သူက အာအိယမြို့ကို ရောက်လာတယ်။+

      မိဂရုန်မြို့ကို ဖြတ်သွားတယ်။

      မိတ်မတ်မြို့မှာ+ အထုပ်အပိုးတွေ ချတယ်။

      ၂၉ ရေတိမ်ပိုင်းကို ဖြတ်ကူးပြီး ဂေဘမြို့မှာ+ ညအိပ်ရပ်နားတယ်။

      ရာမမြို့သားတွေတုန်လှုပ်ကြတယ်။

      ရှောလုရဲ့ဇာတိ ဂိဗာမြို့ကလူတွေ+ ထွက်ပြေးကြတယ်။+

      ၃၀ ဂါလိမ်မြို့ရဲ့ သမီးပျိုတို့၊ အသံကုန် အော်ဟစ်ကြပါ။

      လဲရှမြို့သားတို့၊ အာရုံစိုက်ကြပါ။

      အို အာနသုတ်မြို့၊+ သနားစရာ ကောင်းလိုက်တာ။

      ၃၁ မာဒမေနမြို့သားတွေ ထွက်ပြေးကြတယ်။

      ဂေဗိမ်မြို့သူမြို့သားတွေလည်း ဘေးလွတ်ရာ ရှာကြတယ်။

      ၃၂ အဲဒီနေ့မှာပဲ နောဗမြို့မှာ သူရပ်နားတယ်။+

      ဇိအုန်သမီးပျိုရဲ့ တောင်တန်းကို၊ ဂျေရုဆလင်မြို့တည်ရာ တောင်ကို

      လက်သီးလက်မောင်း တန်းတယ်။

  • ဟေရှာယ ၃၃:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၈ လမ်းမတွေမှာ လူသူကင်းမဲ့ပြီး လမ်းသွားလမ်းလာ တစ်ယောက်မှ မရှိတော့ဘူး။

      ရန်သူက ပဋိညာဉ်ကို ချိုးဖောက်ပြီး မြို့တွေကို ပစ်ပယ်တယ်။

      သေမျိုးဖြစ်တဲ့လူကို အရေးမလုပ်ဘူး။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ