-
၂ ဘုရင်များ ၁၈:၁၇၊ ၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ နောက်တော့ အဆီးရီးယားဘုရင်က တာတန်၊* ရာဗသာရိတ်၊* ရာဗရှာခ* တို့ကို စစ်တပ်ကြီးနဲ့အတူ လာခိရှမြို့ကနေ+ ဂျေရုဆလင်မြို့မှာရှိတဲ့ ဟေဇကိမင်းဆီ လွှတ်လိုက်တယ်။+ သူတို့လည်း ဂျေရုဆလင်မြို့ကို ချီတက်လာပြီး အထက်ရေကန်ရဲ့ ရေသွယ်ပြွန်နားမှာ နေရာယူကြတယ်။ အဲဒီရေသွယ်ပြွန်ဟာ အဝတ်လျှော်သည်ရဲ့လယ်ကို ဦးတည်တဲ့ လမ်းမဘေးမှာ ရှိတယ်။+ ၁၈ ပြီးတော့ ဟေဇကိကို ထွက်လာဖို့ အော်ခေါ်တဲ့အခါ ဟိလခိရဲ့သား နန်းတော်အုပ်ဧလျာကိမ်၊+ စာရေးတော်ရှေဗန၊+ အာသပ်ရဲ့သား အတွင်းဝန် ယောအာတို့ ထွက်လာတယ်။
-