-
၂ ဘုရင်များ ၁၉:၁၄-၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ဟေဇကိမင်းက တမန်တွေဆီက စာတွေကို ယူဖတ်တယ်။ ပြီးတော့ ယေဟောဝါရဲ့ အိမ်တော်ကို တက်သွားပြီး ယေဟောဝါရှေ့မှာ စာတွေကိုဖြန့်ချထားတယ်။+ ၁၅ အဲဒီနောက် ယေဟောဝါရှေ့မှာ ဟေဇကိ ဒီလိုဆုတောင်းတယ်-+ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ ခေရုဗိမ်တွေပေါ်* စံမြန်းတဲ့အရှင်၊+ ကိုယ်တော် တစ်ပါးတည်းသာ ကမ္ဘာ့တိုင်းနိုင်ငံရှိသမျှကိုပိုင်တဲ့ စစ်မှန်တဲ့ဘုရားသခင်၊+ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတဲ့အရှင် ဖြစ်ပါတယ်။ ၁၆ ယေဟောဝါဘုရား၊ နားကိုစွင့်ပြီး နားထောင်ပေးပါ။+ ယေဟောဝါဘုရား၊ မျက်စိကိုဖွင့်ပြီး ကြည့်ရှုပေးပါ။+ အသက်ရှင်တဲ့ ဘုရားသခင်ကို ကဲ့ရဲ့ဖို့ သနာခရိပ်မှာလိုက်တဲ့ စကားတွေကို ကြားလှည့်ပါ။ ၁၇ ယေဟောဝါဘုရား၊ အဆီးရီးယားဘုရင်တွေက လူမျိုးတွေနဲ့တိုင်းပြည်တွေကို ဖျက်ဆီးပစ်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။+ ၁၈ အဲဒီလူမျိုးတွေရဲ့ ဘုရားတွေကိုလည်း မီးရှို့ခဲ့ကြတယ်။ အဲဒီဘုရားတွေဟာ လူ့လက်နဲ့လုပ်ထားတဲ့အရာတွေ၊+ သစ်သားတွေ၊ ကျောက်တွေပဲ။ ဘုရားမှ မဟုတ်တာ။+ ဒါကြောင့် အဆီးရီးယားတွေ ဖျက်ဆီးနိုင်ခဲ့တာပါ။ ၁၉ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါ၊ အခု အဆီးရီးယားဘုရင်ရဲ့ လက်ထဲကနေ ကယ်တင်ပေးပါ။ ဒါမှ ယေဟောဝါ တစ်ပါးတည်းသာ ဘုရားသခင်ဖြစ်မှန်း ကမ္ဘာ့တိုင်းနိုင်ငံအားလုံး သိကြပါလိမ့်မယ်။”+
-