-
ဟေရှာယ ၃၇:၁၄-၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ဟေဇကိမင်းက တမန်တွေဆီက စာတွေကို ယူဖတ်တယ်။ ပြီးတော့ ယေဟောဝါရဲ့ အိမ်တော်ကို တက်သွားပြီး ယေဟောဝါရှေ့မှာ စာတွေကို ဖြန့်ချထားတယ်။+ ၁၅ အဲဒီနောက် ယေဟောဝါဆီ ဟေဇကိ ဒီလိုဆုတောင်းတယ်–+ ၁၆ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ၊+ အစ္စရေးတို့ရဲ့ ဘုရားသခင်၊ ခေရုဗိမ်တွေပေါ်* နန်းထိုင်တဲ့အရှင်၊ ကိုယ်တော်တစ်ပါးတည်းသာ ကမ္ဘာ့တိုင်းနိုင်ငံရှိသမျှကိုပိုင်တဲ့ စစ်မှန်တဲ့ဘုရားသခင်၊ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတဲ့အရှင် ဖြစ်ပါတယ်။ ၁၇ ယေဟောဝါဘုရား၊ နားကိုစွင့်ပြီး နားထောင်ပေးပါ။+ ယေဟောဝါဘုရား၊ မျက်စိကိုဖွင့်ပြီး ကြည့်ရှုပေးပါ။+ အသက်ရှင်တဲ့ ဘုရားသခင်ကို ကဲ့ရဲ့ဖို့ သနာခရိပ်မှာလိုက်တဲ့ စကားတွေကို ကြားလှည့်ပါ။+ ၁၈ ယေဟောဝါဘုရား၊ အဆီးရီးယားဘုရင်တွေက တိုင်းနိုင်ငံအားလုံးကိုရော ကိုယ့်နေရင်းပြည်ကိုပါ ဖျက်ဆီးပစ်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။+ ၁၉ သူတို့ရဲ့ဘုရားတွေကိုလည်း မီးရှို့ပစ်ခဲ့တယ်။+ အဲဒီဘုရားတွေဟာ လူ့လက်နဲ့လုပ်ထားတဲ့ အရာတွေ၊+ သစ်သားတွေ၊ ကျောက်တွေပဲ။ ဘုရားမှ မဟုတ်တာ။ ဒါကြောင့် အဆီးရီးယားတွေ ဖျက်ဆီးနိုင်ခဲ့တာပါ။ ၂၀ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါ၊ အခု အဆီးရီးယားဘုရင်ရဲ့ လက်ထဲကနေ ကယ်တင်ပေးပါ။ ဒါမှ ယေဟောဝါ တစ်ပါးတည်းသာ ဘုရားသခင်ဖြစ်မှန်း ကမ္ဘာ့တိုင်းနိုင်ငံအားလုံး သိကြပါလိမ့်မယ်။”+
-