-
၂ ရာဇဝင်ချုပ် ၃၆:၁၀-၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ နှစ်ဆန်းပိုင်းမှာ နေဗုခဒ်နေဇာမင်းက စစ်တပ်တွေ စေလွှတ်ပြီး ယေခေါနိကို ဗာဗုလုန်မြို့ဆီ ဖမ်းခေါ်သွားတယ်။+ ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း သယ်သွားတယ်။+ ဒါ့အပြင် ဘထွေးတော် ဇေဒကိကို ယုဒပြည်နဲ့ဂျေရုဆလင်မြို့ကို အုပ်ချုပ်ဖို့ မင်းမြှောက်လိုက်တယ်။+
၁၁ ဇေဒကိ+ နန်းတက်ချိန်မှာ အသက် ၂၁ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၁၁ နှစ်စိုးစံတယ်။+ ၁၂ ယေဟောဝါဘုရားရှေ့မှာ မကောင်းတာကို ဆက်လုပ်တယ်။ ယေဟောဝါအမိန့်နဲ့ ပြောဆိုတဲ့ ပရောဖက်ယေရမိရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘူး။+
-