-
ယေရမိ ၄၁:၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ အဟိကံရဲ့သား ဂေဒလိကို လုပ်ကြံပြီးတဲ့နောက်+ မိဇပါမြို့ကနေ အိရှမေလဖမ်းခေါ်သွားတဲ့ လူတွေကို ကာရာရဲ့သား ယောဟနန်နဲ့ ဗိုလ်ချုပ်တွေ ကယ်လိုက်တယ်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ စစ်သည်နဲ့ နန်းတွင်းအရာရှိတွေကို ဂိဗောင်မြို့ကနေ ပြန်ခေါ်လာတယ်။
-
-
ယေရမိ ၄၂:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၂ အဲဒီနောက် ကာရာရဲ့သား ယောဟနန်၊+ ဟောရှာယရဲ့သား ယေဇနိ၊ ဗိုလ်ချုပ်တွေနဲ့ လူကြီးလူငယ် အားလုံးရောက်လာပြီး၊ ၂ ပရောဖက်ယေရမိကို “ကျွန်တော်တို့ တောင်းဆိုတာကို နားထောင်ပါ။ ကျွန်တော်တို့နဲ့ ဒီကျန်ကြွင်းသူတွေအတွက် ယေဟောဝါဘုရားဆီ ဆုတောင်းပေးပါ။ ခင်ဗျားမြင်တဲ့အတိုင်း လူနည်းစုပဲကျန်တော့တယ်။+ ၃ ကျွန်တော်တို့ လျှောက်သင့်တဲ့လမ်းစဉ်၊ လုပ်သင့်တဲ့အရာကို ယေဟောဝါဘုရား ပြောပြပါစေ” လို့တောင်းဆိုကြတယ်။
-