ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေရမိ ၁၄:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ အဲဒီအခါ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ပရောဖက်တွေက ‘ဓားဘေးကို မင်းတို့ မြင်ရမှာမဟုတ်ဘူး။ အငတ်ဘေး ကြုံရမှာလည်း မဟုတ်ဘူး။ ဘုရားက ဒီနေရာမှာ စစ်မှန်တဲ့ငြိမ်သက်ခြင်း ပေးမယ်’ လို့ ဟောနေပါတယ်” ဆိုပြီး ပြောလိုက်တယ်။+

  • ယေရမိ ၂၃:၁၆၊ ၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက “ပရောဖက်တွေ ဟောနေတာကို နားမထောင်ကြနဲ့။+

      သူတို့က မင်းတို့ကို လှည့်စားနေတာ။

      သူတို့ဟောတဲ့ စိတ်အာရုံဟာ ယေဟောဝါရဲ့ နှုတ်ထွက်စကား မဟုတ်ဘူး။+

      စိတ်ထဲပေါ်လာတာတွေပဲ ဟောနေကြတာ။+

      ၁၇ သူတို့က ငါ့ကို မခန့်လေးစားလုပ်သူတွေကို

      ‘ယေဟောဝါ ပြောတယ်– “ခင်ဗျားတို့ ငြိမ်သက်ခြင်း ခံစားရမယ်”’+ ဆိုပြီး အထပ်ထပ် ပြောနေတယ်။

      ဇွတ်တရွတ်နိုင်တဲ့ စိတ်အလိုနောက် လိုက်သူတွေကိုလည်း ‘ခင်ဗျားတို့ ဘာဘေးဆိုးမှ ကြုံရမှာမဟုတ်ဘူး’ လို့ပြောနေတယ်။+

  • ယေဇကျေလ ၁၃:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ ငြိမ်သက်ခြင်း မရှိဘဲနဲ့ “ငြိမ်သက်ခြင်း ရှိတယ်” ဆိုပြီး ငါ့လူတွေကို လမ်းလွဲအောင် လုပ်တဲ့အတွက် သူတို့ အဲဒီလိုကြုံရလိမ့်မယ်။+ သူတို့က ကျိုးပဲ့လွယ်တဲ့နံရံနဲ့ ကာပြီး ထုံးဖြူသုတ်ကြတယ်။’*+

  • ၁ သက်သာလောနိတ် ၅:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ လူတွေပြောနေချိန်မှာပဲ ကိုယ်ဝန်ဆောင်မိန်းမက သားဖွားဝေဒနာ ရုတ်တရက် ခံစားရသလို မျှော်လင့်မထားတဲ့ ပျက်စီးခြင်းဘေးကလည်း သူတို့အပေါ် ရုတ်တရက် ရောက်လာလိမ့်မယ်။+ ဘယ်နည်းနဲ့မှ လွတ်မြောက်မှာ မဟုတ်ဘူး။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ