-
ယေရမိ ၂၃:၁၆၊ ၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက “ပရောဖက်တွေ ဟောနေတာကို နားမထောင်ကြနဲ့။+
သူတို့က မင်းတို့ကို လှည့်စားနေတာ။
သူတို့ဟောတဲ့ စိတ်အာရုံဟာ ယေဟောဝါရဲ့ နှုတ်ထွက်စကား မဟုတ်ဘူး။+
စိတ်ထဲပေါ်လာတာတွေပဲ ဟောနေကြတာ။+
၁၇ သူတို့က ငါ့ကို မခန့်လေးစားလုပ်သူတွေကို
‘ယေဟောဝါ ပြောတယ်– “ခင်ဗျားတို့ ငြိမ်သက်ခြင်း ခံစားရမယ်”’+ ဆိုပြီး အထပ်ထပ် ပြောနေတယ်။
ဇွတ်တရွတ်နိုင်တဲ့ စိတ်အလိုနောက် လိုက်သူတွေကိုလည်း ‘ခင်ဗျားတို့ ဘာဘေးဆိုးမှ ကြုံရမှာမဟုတ်ဘူး’ လို့ပြောနေတယ်။+
-
-
ယေရမိ ၂၇:၈-၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ “‘“‘ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဆီမှာ ကျွန်မခံတဲ့၊ ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို မထမ်းတဲ့ လူမျိုးတွေ၊ နိုင်ငံတွေကို ဓားဘေး၊+ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ ငါဒဏ်ခတ်မယ်။ နောက်ဆုံးမှာ သူ့လက်ချက်နဲ့ပဲ သူတို့အားလုံးကို ငါလက်စတုံးပစ်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၉ “‘“‘ဒါကြောင့် “ဗာဗုလုန်ဘုရင်ဆီမှာ မင်းတို့ ကျွန်ခံရမှာ မဟုတ်ဘူး” ဆိုပြီး ဟောနေတဲ့ ပရောဖက်တွေ၊ နတ်ဆရာတွေ၊ အိပ်မက်မြင်သူတွေ၊ မှော်ဆရာတွေ၊ ပယောဂဆရာတွေ ပြောတာကို နားမထောင်ပါနဲ့။ ၁၀ မင်းတို့ကို ဒီပြည်နဲ့ဝေးရာဆီ ရန်သူဖမ်းခေါ်သွားအောင် သူတို့လိမ်ညာပြီး ပရောဖက်ပြုနေတာ။ သူတို့စကားကို နားထောင်မယ်ဆိုရင် မင်းတို့ကို ငါတကွဲတပြား ဖြစ်စေမယ်။ မင်းတို့ ပျက်စီးသွားလိမ့်မယ်။
-