ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၄:၁၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၉ ကောင်းကင်ကို မော့ကြည့်လို့ နေ၊ လ၊ ကြယ်အစရှိတဲ့ ကောင်းကင်ပေါ်ကအရာတွေကို မြင်တဲ့အခါ သွေးဆောင်ခံရပြီး ဦးချရှိခိုးတာ၊ ဝတ်ပြုတာမျိုး မလုပ်ကြနဲ့။+ အဲဒါတွေဟာ ကောင်းကင်အောက်မှာရှိတဲ့ လူအားလုံးအတွက် ယေဟောဝါဘုရား ပေးထားတာတွေပဲ။

  • ၂ ဘုရင်များ ၁၇:၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ သူတို့က ယေဟောဝါဘုရားရဲ့ ပညတ်ချက်တွေကို စွန့်ပစ်တဲ့အပြင် နွားငယ်ရုပ်တုနှစ်ခု သွန်းလုပ်ပြီး+ ကိုးကွယ်ရာသစ်တိုင်ကို လုပ်တယ်။+ ကောင်းကင်ပေါ်က ကြယ်တွေကို ဦးချပြီး+ ဗာလဘုရားကို ဝတ်ပြုတယ်။+

  • ၂ ဘုရင်များ ၂၁:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၁ မနာရှေ+  နန်းတက်ချိန်မှာ အသက် ၁၂ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၅၅ နှစ် စိုးစံတယ်။+ မယ်တော်က  ဟေဇိဘလို့  ခေါ်တယ်။

  • ၂ ဘုရင်များ ၂၁:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ခမည်းတော်ဟေဇကိ ဖျက်ဆီးခဲ့တဲ့ အထွတ်အမြတ်နေရာတွေကို  ပြန်တည်ဆောက်တယ်။+  အစ္စရေးဘုရင် အာဟပ်လိုပဲ+  ဗာလဘုရားအတွက် ယဇ်ပလ္လင်တွေ တည်ပြီး ကိုးကွယ်ရာသစ်တိုင်ကို*+ လုပ်တယ်။ ကောင်းကင်ပေါ်က နေ၊  လ၊  ကြယ်တွေကို  ဦးချဝတ်ပြုတယ်။+

  • ယေရမိ ၁၉:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ သူတို့က ကောင်းကင်ပေါ်က ကြယ်တွေအတွက် အိမ်မိုးပေါ်မှာ ယဇ်ပူဇော်ပြီး+ တခြားဘုရားတွေဆီ သွန်းလောင်းရာအလှူတွေ ဆက်သကြတယ်။+ ဒါကြောင့် ဂျေရုဆလင်မှာရှိတဲ့ အိမ်တွေ၊ ယုဒဘုရင်ရဲ့ နန်းတော်တွေဟာ ဒီတောဖက်အရပ်လို မသန့်ရှင်းတဲ့နေရာ ဖြစ်သွားမယ်။’”+

  • ယေဇကျေလ ၈:၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ အဲဒီနောက် ကျွန်တော့်ကို ယေဟောဝါအိမ်တော်ရဲ့အတွင်းရင်ပြင်ဆီ ခေါ်သွားတယ်။+ ယေဟောဝါရဲ့ ဗိမာန်တော်မုခ်ဝနဲ့ ပူဇော်ရာပလ္လင်ကြားက ဝင်ပေါက်မှာ အမျိုးသား ၂၅ ယောက်လောက် ရှိနေတယ်။ ယေဟောဝါရဲ့ ဗိမာန်တော်ကို ကျောခိုင်းပြီး အရှေ့အရပ်ကို မျက်နှာမူရင်း နေမင်းကို ဦးချရှိခိုးနေကြတယ်။+

  • ဇေဖနိ ၁:၄၊ ၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၄ ငါ့လက်ကိုဆန့်ပြီး ယုဒပြည်နဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေကို တိုက်မယ်။

      ဗာလကို အစအနမကျန်အောင် ဒီနေရာကနေ ပယ်ရှင်းမယ်။+

      အယူဖောက်ပြန်တဲ့ ပုရောဟိတ်တွေကိုရော တိုင်းတစ်ပါးဘုရားကို ကိုးကွယ်တဲ့ ပုရောဟိတ်တွေရဲ့ နာမည်ကိုပါ ငါပယ်ရှင်းမယ်။+

       ၅ ကောင်းကင်ကြယ်တွေကို အိမ်မိုးပေါ်မှာ ဦးချသူတွေ၊+

      ယေဟောဝါကို ဦးချပြီး သစ္စာစောင့်သိပါ့မယ်လို့ ကတိပေးထားလျက်နဲ့+ မာလကုံဘုရားကိုလည်း သစ္စာစောင့်သိပါ့မယ်လို့ ကတိပေးသူတွေ၊+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ