-
တရားဟောရာ ၄:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ ကောင်းကင်ကို မော့ကြည့်လို့ နေ၊ လ၊ ကြယ်အစရှိတဲ့ ကောင်းကင်ပေါ်ကအရာတွေကို မြင်တဲ့အခါ သွေးဆောင်ခံရပြီး ဦးချရှိခိုးတာ၊ ဝတ်ပြုတာမျိုး မလုပ်ကြနဲ့။+ အဲဒါတွေဟာ ကောင်းကင်အောက်မှာရှိတဲ့ လူအားလုံးအတွက် ယေဟောဝါဘုရား ပေးထားတာတွေပဲ။
-
-
ယေရမိ ၈:၁၊ ၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ယေဟောဝါ ပြောတာက– “အဲဒီအချိန်ရောက်ရင် သင်္ချိုင်းဂူတွေမှာရှိတဲ့ ယုဒဘုရင်၊ မင်းညီမင်းသား၊ ပုရောဟိတ်၊ ပရောဖက်၊ ဂျေရုဆလင်မြို့သူမြို့သားတွေရဲ့ အရိုးတွေကို ထုတ်လာလိမ့်မယ်။ ၂ သူတို့နှစ်သက်လွန်းလို့ ဝတ်ပြုရုံမက တကောက်ကောက် လိုက်ရှာပြီး ဦးချခဲ့တဲ့ ကောင်းကင်ပေါ်က နေ၊ လ၊ ကြယ်နက္ခတ်တွေအောက်မှာ အဲဒီအရိုးတွေကို ဖြန့်ကြဲထားလိမ့်မယ်။+ ပြန်စုသိမ်းမှာ၊ မြှုပ်နှံမှာ မဟုတ်ဘူး။ မြေပြင်ပေါ်မှာ မစင်လို ဖြစ်သွားလိမ့်မယ်။”+
-