ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေရမိ ၅:၃၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၁ ပရောဖက်တွေ လိမ်ညာပြီး ပရောဖက်ပြုနေတယ်။+

      ပုရောဟိတ်တွေ အာဏာပြပြီး ကြီးစိုးနေတယ်။

      ငါ့လူတွေက အဲဒါကိုမှ နှစ်သက်နေတယ်။+

      ဒါပေမဲ့ အဆုံးရောက်လာတဲ့အခါ မင်းတို့ ဘယ့်နှယ်လုပ်ကြမလဲ။”

  • ယေရမိ ၆:၁၂-၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ သူတို့ရဲ့အိမ်တွေ၊ လယ်တွေ၊ ဇနီးမယားတွေဟာ သူများလက်ထဲ ရောက်သွားမယ်။+

      ငါ့လက်ကိုဆန့်ပြီး ပြည်သူပြည်သားတွေကို ဒဏ်ခတ်မယ်” လို့ယေဟောဝါ ပြောတယ်။

      ၁၃ “လူကြီးလူငယ်မရွေး မသမာနည်းနဲ့ စီးပွားရှာနေကြတယ်။+

      ပရောဖက်ကအစ ပုရောဟိတ်ပါမကျန် ကလိမ်ကကျစ် လုပ်ကြတယ်။+

      ၁၄ သူတို့က ငြိမ်သက်ခြင်း မရှိဘဲနဲ့ ‘ငြိမ်သက်ခြင်း ရှိတယ်။

      ငြိမ်သက်ခြင်း ရှိတယ်’+ လို့ပြောပြီး ငါ့လူတွေရဲ့ဒဏ်ရာကို ပေါ့ပေါ့တန်တန် ကုသနေတယ်။

      ၁၅ လုပ်ခဲ့တဲ့ ရွံမုန်းစရာတွေအတွက် သူတို့ရှက်ကြသလား။

      လုံးဝမရှက်ကြဘူး။

      ရှက်ရကောင်းမှန်းတောင် မသိကြဘူး။+

      ဒါကြောင့် သူတို့က တခြားသူတွေနဲ့အတူ လဲကျသွားမယ်။

      ငါဒဏ်ပေးတဲ့အခါ တိုက်မိလဲသွားမယ်” လို့ယေဟောဝါပြောတယ်။

  • ယေရမိ ၂၇:၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ “‘“‘ဒါကြောင့် “ဗာဗုလုန်ဘုရင်ဆီမှာ မင်းတို့ ကျွန်ခံရမှာ မဟုတ်ဘူး” ဆိုပြီး ဟောနေတဲ့ ပရောဖက်တွေ၊ နတ်ဆရာတွေ၊ အိပ်မက်မြင်သူတွေ၊ မှော်ဆရာတွေ၊ ပယောဂဆရာတွေ ပြောတာကို နားမထောင်ပါနဲ့။

  • မြည်တမ်းစကား ၂:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ ပရောဖက်တွေဟာ မှားယွင်းတဲ့၊ အဓိပ္ပာယ်မရှိတဲ့ စိတ်အာရုံတွေကို မြင်မက်ကြတယ်။+

      သုံ့ပန်းဘဝ မရောက်ရလေအောင် မင်းရဲ့အမှားကို မဖော်ထုတ်ပေးကြဘူး။+

      မှားယွင်းတဲ့၊ လမ်းလွဲစေတဲ့ သတင်းစကားတွေပါတဲ့ စိတ်အာရုံကိုပဲ မြင်ကြတယ်။+

  • ယေဇကျေလ ၂၂:၂၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၈ ကွဲအက်တဲ့နံရံကို ထုံးဖြူသုတ်ပြီး ဖုံးသလိုမျိုး ပရောဖက်တွေဟာ သူတို့အကျင့်ဆိုးတွေကို ဖုံးထားကြတယ်။ မဟုတ်မမှန်တဲ့ စိတ်အာရုံတွေ မြင်ပြီး မှော်ပညာနဲ့ ဟောကြတယ်။+ ယေဟောဝါ မမိန့်မှာဘဲနဲ့ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက” ဆိုပြီးပြောတတ်ကြတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ