-
၂ ဘုရင်များ ၂၂:၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ ပုရောဟိတ်ဟိလခိက ကျွန်တော့်ကို ဒီကျမ်းလိပ်+ ပေးလိုက်ပါတယ်” လို့ လျှောက်တင်ပြီးနောက် ယောရှိရှေ့မှာ ကျမ်းလိပ်ကို ဖတ်ပြတယ်။
-
-
၂ ဘုရင်များ ၂၂:၁၂၊ ၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ပုရောဟိတ်ဟိလခိ၊ ရှာဖန်ရဲ့သား အဟိကံ၊+ မိက္ခာယရဲ့သား အာခဗော်၊ စာရေးတော်ရှာဖန်၊ မင်းမှုထမ်း အသာယတို့ကို၊ ၁၃ “အခုတွေ့တဲ့ ကျမ်းလိပ်ထဲမှာပါတဲ့ စကားတွေနဲ့ ပတ်သက်လို့ ငါ့အတွက်၊ လူတွေအတွက်၊ ယုဒတစ်ပြည်လုံးအတွက် ယေဟောဝါဘုရားကို သွားမေးမြန်းပါ။ ဘိုးဘေးတွေဟာ ဒီကျမ်းလိပ်မှာပါတဲ့ စကားတွေကို မနာခံခဲ့ဘူး၊ ငါတို့နဲ့ပတ်သက်ပြီး ရေးထားသမျှကို မလိုက်နာခဲ့ဘူး။ ဒါကြောင့် ငါတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်နေပြီ”+ လို့ပြောတယ်။
-
-
ယေရမိ ၃၉:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ဒါကြောင့် ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်၊ ရာဗသာရိတ် နေဗုရှာဇဗန်၊ ရာမဂ် နေဂဲရှရေဇာနဲ့ ဗာဗုလုန်အရာရှိတွေက လူလွှတ်ပြီး၊ ၁၄ ယေရမိကို အစောင့်ရင်ပြင်ကနေ ခေါ်ထုတ်တယ်။+ အဲဒီနောက် ရှာဖန်ရဲ့မြေး၊+ အဟိကံရဲ့သား+ ဂေဒလိဆီမှာ+ အပ်ပြီး ဂေဒလိရဲ့အိမ်ကို ခေါ်သွားခိုင်းတယ်။ ဒါကြောင့် ယေရမိက ပြည်သူပြည်သားတွေနဲ့အတူ နေထိုင်ရတယ်။
-
-
ယေရမိ ၄၀:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ယေရမိ မဆုံးဖြတ်ရသေးခင်မှာ နေဗုဇာရဒန်က “ရှာဖန်ရဲ့မြေး၊+ အဟိကံရဲ့သား+ ဂေဒလိဆီ+ မင်း ပြန်လိုက်ပါ။ ယုဒမြို့တွေကို ကြီးကြပ်ဖို့ သူ့ကို ဗာဗုလုန်ဘုရင် ခန့်အပ်ထားတာ။ သူနဲ့အတူ၊ ပြည်သူပြည်သားတွေနဲ့အတူ နေထိုင်ပါ။ ဒါမှမဟုတ် မင်း ကြိုက်တဲ့နေရာကို သွားပါ” လို့ ပြောတယ်။
ပြီးတော့ ကိုယ်ရံတော်တပ်မှူးက သူ့ကို စားနပ်ရိက္ခာနဲ့ လက်ဆောင်တွေပေးပြီး လွှတ်လိုက်တယ်။
-