-
ဒံယေလ ၈:၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ အဲဒီချို ၄ ချောင်းထဲက တစ်ချောင်းကနေ ချိုငယ်တစ်ချောင်း ထပ်ပေါက်လာတယ်။ အဲဒီချိုငယ်က တောင်ဘက်၊ အရှေ့ဘက်နဲ့ သာယာလှပတဲ့ ပြည်ဘက်ကို မျက်နှာမူပြီး တန်ခိုးကြီးလာတယ်။+
-
-
ဒံယေလ ၁၁:၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ တောင်ဘုရင်ကို လာတိုက်တဲ့သူက အလိုရှိတဲ့အတိုင်း လုပ်ဆောင်လိမ့်မယ်။ သူ့ရှေ့မှာ ဘယ်သူမှ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ သာယာလှပတဲ့ပြည်မှာ သူမတ်တတ်ရပ်လိမ့်မယ်။+ သူ့လက်မှာ သုတ်သင်ဖျက်ဆီးနိုင်စွမ်း ရှိလိမ့်မယ်။
-
-
ဒံယေလ ၁၁:၄၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၁ သာယာလှပတဲ့ ပြည်ထဲကိုလည်း ဝင်လာမယ်။+ တိုင်းပြည်အတော်များများကို ပြိုလဲစေမယ်။ ဧဒုံပြည်၊ မောဘပြည်နဲ့ အမ္မုန်အမျိုးရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေကတော့ သူ့လက်ကနေ လွတ်မြောက်လိမ့်မယ်။
-