-
၂ ဘုရင်များ ၂၃:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ဗေသလမြို့မှာ အစ္စရေးတွေကို အပြစ်ကျူးလွန်စေတဲ့ နေဗတ်ရဲ့သား ယေရောဗောင်တည်ခဲ့တဲ့ ယဇ်ပလ္လင်နဲ့ အထွတ်အမြတ်နေရာကို ဖြိုချပစ်တယ်။+ ပြီးတော့ အထွတ်အမြတ်နေရာကို မီးရှို့ပြီး ညက်ညက်ခြေလိုက်တယ်။ ကိုးကွယ်ရာသစ်တိုင်တွေ* ကိုလည်း မီးရှို့တယ်။+
၁၆ အဲဒီနောက် ယောရှိမင်း လှည့်လည်ကြည့်ရှုတဲ့အခါ တောင်ပေါ်မှာ သင်္ချိုင်းဂူတွေကို တွေ့တယ်။ အဲဒီသင်္ချိုင်းဂူတွေထဲက အရိုးတွေကို ယူ၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ခိုင်းပြီး ယဇ်ပလ္လင်ကို ညစ်ညူးအောင် လုပ်လိုက်တယ်။ စစ်မှန်တဲ့ ဘုရားသခင်ရဲ့လူကတစ်ဆင့် ယေဟောဝါ ကြိုဟောခဲ့တဲ့အတိုင်း ဖြစ်လာတယ်။+
-
-
၂ ရာဇဝင်ချုပ် ၃၁:၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၁ ပွဲတော်ပြီးတာနဲ့ အဲဒီမှာရှိတဲ့ အစ္စရေးအားလုံးက ယုဒမြို့တွေဆီ ထွက်သွားကြတယ်။ ယုဒနဲ့ ဗင်ယာမိန်နယ်မြေ တစ်လျှောက်လုံးအပြင် ဧဖရိမ်နဲ့ မနာရှေနယ်မြေမှာရှိတဲ့+ ကိုးကွယ်ရာကျောက်တိုင်တွေကို ချိုးဖျက်ပြီး+ ကိုးကွယ်ရာသစ်တိုင်တွေကို* ခုတ်လှဲတယ်။+ အထွတ်အမြတ်နေရာတွေ၊ ပူဇော်ရာပလ္လင်တွေကို ဖြိုဖျက်တယ်။+ အဲဒါတွေကို တစ်ခုမကျန် ဖျက်ဆီးပြီးတဲ့နောက် ကိုယ့်မြို့ကိုယ့်ရွာဆီ ပြန်သွားကြတယ်။
-
-
ဟောရှေ ၁၀:၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ သူတို့ရဲ့စိတ်နှလုံးဟာ ဟန်ဆောင်တတ်တယ်။
အခုတော့ သူတို့မှာ အပြစ်ရှိမှန်း ထင်ရှားလာမယ်။
ယဇ်ပလ္လင်တွေကို ဖြိုချပြီး ကိုးကွယ်ရာကျောက်တိုင်တွေကို ဖျက်ဆီးမယ့်သူ ရှိတယ်။
-
-
မိက္ခာ ၁:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ငါက ရှမာရိကို လယ်ပြင်ထဲက အပျက်အယွင်းပုံကြီး ဖြစ်စေမယ်။
စပျစ်ခြံစိုက်ပျိုးတဲ့နေရာ ဖြစ်စေမယ်။
သူ့ရဲ့ကျောက်တုံးတွေကို ချိုင့်ဝှမ်းထဲ ပစ်ချမယ်။
အုတ်မြစ်တွေကို လှန်ပစ်မယ်။
-