ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မာကု ၁:၂၉-၃၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၉ တရားဇရပ်ကနေ ထွက်လာပြီးနောက် ရှိမုန်နဲ့ အန္ဒြေတို့ရဲ့အိမ်ကို သွားတယ်။ ယာကုပ်နဲ့ ယောဟန်လည်းပါတယ်။+ ၃၀ ရှိမုန်ရဲ့ယောက္ခမ+ ဖျားပြီး အိပ်ရာထဲ လဲနေတယ်ဆိုတာကို ရောက်ရောက်ချင်း ပြောပြတော့၊ ၃၁ ယေရှုက သူ့ဆီကို သွား၊ လက်ကိုကိုင်ပြီး ဆွဲထူလိုက်တယ်။ သူအဖျားပျောက်သွားတဲ့အတွက် သူတို့ကို ဧည့်ဝတ်ပြုတယ်။

      ၃၂ နေဝင်လို့  ညဦးပိုင်းရောက်တဲ့အခါ လူနာတွေ၊ နတ်ဆိုးပူးသူတွေကို  ယေရှုဆီ  ခေါ်လာကြတယ်။+ ၃၃ မြို့သားအားလုံး အိမ်တံခါးနားမှာ စုဝေးကြတယ်။ ၃၄ ယေရှုက ရောဂါဝေဒနာအမျိုးမျိုးကို ကုပေးပြီး+ နတ်ဆိုးအများကြီးကို နှင်ထုတ်တယ်။ သူဟာ ခရစ်တော်ဖြစ်မှန်း နတ်ဆိုးတွေ သိတဲ့အတွက် သူတို့ကို စကားတစ်ခွန်းမှ ပြောခွင့်မပေးဘူး။

  • လုကာ ၄:၃၈-၄၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၈ ယေရှုက  တရားဇရပ်ကနေ ထွက်ပြီး ရှိမုန်အိမ်ကို သွားတယ်။ ရှိမုန်ရဲ့ယောက္ခမ  အဖျားကြီးနေတဲ့အတွက် ကုသပေးဖို့  အသနားခံကြတယ်။+ ၃၉ ဒါနဲ့ လူနာအနားကို သွားပြီး ကုသပေးလိုက်တဲ့အခါ အဖျားပျောက်သွားတယ်။ ရှိမုန်ရဲ့ ယောက္ခမက ချက်ချင်းပဲ ထပြီး သူတို့ကို ဧည့်ဝတ်ပြုတော့တယ်။

      ၄၀ နေဝင်ချိန်ရောက်တဲ့အခါ ရောဂါသည်အမျိုးမျိုးကို ခေါ်လာကြတဲ့အတွက် ယေရှုက တစ်ယောက်စီအပေါ် လက်ကိုတင်ပြီး  ကုသပေးတယ်။+ ၄၁ နတ်ဆိုးတွေကလည်း “ခင်ဗျားဟာ ဘုရားသခင်ရဲ့သားပဲ” လို့အော်ဟစ်ပြီး+ သူတို့ဝင်ပူးနေတဲ့ လူတွေထဲကနေ ထွက်လာတယ်။ ဒါပေမဲ့ ယေရှုဟာ ခရစ်တော်ဖြစ်မှန်း နတ်ဆိုးတွေ သိတဲ့အတွက်+ သူတို့ကို စကားတစ်ခွန်းမှ မပြောဖို့ ဆုံးမတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ