ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မာကု ၄:၃-၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ “နားထောင်ကြပါ။ တစ်ခါက မျိုးကြဲသူတစ်ယောက် မျိုးစေ့ကြဲဖို့ ထွက်သွားတယ်။+ ၄ မျိုးကြဲတဲ့အခါ မျိုးစေ့တချို့ လမ်းပေါ်ကျပြီး ငှက်တွေ လာကောက်စားသွားတယ်။ ၅ မျိုးစေ့တချို့က မြေဆီလွှာပါးတဲ့  ကျောက်ခံမြေပေါ်  ကျတယ်။ မြေသားတိမ်တော့  ချက်ချင်း  အပင်ပေါက်လာတယ်။+ ၆ ဒါပေမဲ့ နေမြင့်လာတဲ့အခါ အပင်ဟာ နေလောင်ပြီး အမြစ်လည်း မစွဲတဲ့အတွက် ညှိုးနွမ်းသွားတယ်။ ၇ မျိုးစေ့တချို့က ဆူးပင်တွေကြားထဲ ကျတယ်။ ဆူးပင်တွေ ကြီးထွားလာပြီး လွှမ်းမိုးပိတ်ဆို့သွားတဲ့အတွက် အသီးမသီးနိုင်ဘူး။+ ၈ မျိုးစေ့တချို့ကတော့ ကောင်းတဲ့မြေပေါ် ကျတယ်။ အပင်ပေါက်ပြီး ကြီးထွားလာတဲ့အခါ အဆ ၃၀၊ အဆ ၆၀၊ အဆ ၁၀၀ သီးပွင့်ဖြစ်ထွန်းတယ်။”+ ၉ “နားရှိတဲ့သူ ကြားပါစေ”+ လို့ဆက်ပြောတယ်။

  • လုကာ ၈:၄-၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ မြို့အသီးသီးကနေ ရောက်လာသူတွေအပါအဝင် လူအများကြီး စုရုံးလာတဲ့အခါ ယေရှုက ပုံဥပမာသုံးပြီး အခုလိုပြောတယ်–+ ၅ “တစ်ခါက မျိုးကြဲသူတစ်ယောက် မျိုးစေ့ကြဲဖို့ ထွက်သွားတယ်။ မျိုးကြဲတဲ့အခါ မျိုးစေ့တချို့ လမ်းပေါ်ကျတဲ့အတွက် အနင်းခံရတယ်။ ငှက်တွေ ကောက်စားသွားတယ်။+ ၆ မျိုးစေ့တချို့ဟာ မြေဆီလွှာပါးတဲ့ ကျောက်ခံမြေပေါ် ကျတယ်။ အပင်ပေါက်လာပေမဲ့ ရေမရတဲ့အတွက် ခြောက်သွေ့သွားတယ်။+ ၇ မျိုးစေ့တချို့ကတော့ ဆူးပင်တွေကြားထဲ ကျတယ်။ ဆူးပင်တွေ အတူ ကြီးထွားလာပြီး လွှမ်းမိုးပိတ်ဆို့လိုက်တယ်။+ ၈ မျိုးစေ့တချို့ကတော့ ကောင်းတဲ့မြေပေါ် ကျတဲ့အတွက် အပင်ပေါက်လာပြီး အဆ ၁၀၀ သီးပွင့်ဖြစ်ထွန်းတယ်။”+ အဲဒီနောက် အသံကိုမြှင့်ပြီး “နားရှိတဲ့သူ ကြားပါစေ”+ လို့ပြောတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ