-
မဿဲ ၁၃:၃-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ အဲဒီမှာ ယေရှုက အကြောင်းအရာ အတော်များများကို ပုံဥပမာတွေသုံးပြီး အခုလိုသွန်သင်တယ်–+ “တစ်ခါက မျိုးကြဲသူတစ်ယောက် မျိုးစေ့ကြဲဖို့ ထွက်သွားတယ်။+ ၄ မျိုးကြဲတဲ့အခါ မျိုးစေ့တချို့ လမ်းပေါ်ကျပြီး ငှက်တွေ လာကောက်စားသွားတယ်။+ ၅ မျိုးစေ့တချို့က မြေဆီလွှာပါးတဲ့ ကျောက်ခံမြေပေါ် ကျတယ်။ မြေသားတိမ်တော့ ချက်ချင်း အပင်ပေါက်လာတယ်။+ ၆ ဒါပေမဲ့ နေမြင့်လာတဲ့အခါ အပင်ဟာ နေလောင်ပြီး အမြစ်လည်း မစွဲတဲ့အတွက် ညှိုးနွမ်းသွားတယ်။ ၇ မျိုးစေ့တချို့က ဆူးပင်တွေကြားထဲ ကျတဲ့အတွက် ဆူးပင်တွေ ကြီးထွားလာပြီး လွှမ်းမိုးပိတ်ဆို့သွားတယ်။+ ၈ မျိုးစေ့တချို့ကတော့ ကောင်းတဲ့မြေပေါ်ကျပြီး အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀ သီးပွင့်ကြတယ်။+ ၉ နားရှိတဲ့သူ ကြားပါစေ။”+
-
-
မာကု ၄:၃-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ “နားထောင်ကြပါ။ တစ်ခါက မျိုးကြဲသူတစ်ယောက် မျိုးစေ့ကြဲဖို့ ထွက်သွားတယ်။+ ၄ မျိုးကြဲတဲ့အခါ မျိုးစေ့တချို့ လမ်းပေါ်ကျပြီး ငှက်တွေ လာကောက်စားသွားတယ်။ ၅ မျိုးစေ့တချို့က မြေဆီလွှာပါးတဲ့ ကျောက်ခံမြေပေါ် ကျတယ်။ မြေသားတိမ်တော့ ချက်ချင်း အပင်ပေါက်လာတယ်။+ ၆ ဒါပေမဲ့ နေမြင့်လာတဲ့အခါ အပင်ဟာ နေလောင်ပြီး အမြစ်လည်း မစွဲတဲ့အတွက် ညှိုးနွမ်းသွားတယ်။ ၇ မျိုးစေ့တချို့က ဆူးပင်တွေကြားထဲ ကျတယ်။ ဆူးပင်တွေ ကြီးထွားလာပြီး လွှမ်းမိုးပိတ်ဆို့သွားတဲ့အတွက် အသီးမသီးနိုင်ဘူး။+ ၈ မျိုးစေ့တချို့ကတော့ ကောင်းတဲ့မြေပေါ် ကျတယ်။ အပင်ပေါက်ပြီး ကြီးထွားလာတဲ့အခါ အဆ ၃၀၊ အဆ ၆၀၊ အဆ ၁၀၀ သီးပွင့်ဖြစ်ထွန်းတယ်။”+ ၉ “နားရှိတဲ့သူ ကြားပါစေ”+ လို့ဆက်ပြောတယ်။
-
-
လုကာ ၈:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ လမ်းပေါ် မျိုးစေ့ကျတယ်ဆိုတဲ့ အဓိပ္ပာယ်က တရားစကားကို ကြားပေမဲ့ မယုံကြည်အောင်၊ ကယ်တင်ခြင်းမရအောင် သူတို့စိတ်နှလုံးထဲက တရားစကားကို မာရ်နတ် လာနုတ်ယူသွားတာကို ဆိုလိုတယ်။+
-