-
၁ ကောရိန္သု ၂:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ “ဘုရားသခင်က လူတွေ မမြင်ဖူး၊ မကြားဖူး၊ မစဉ်းစားဖူးတဲ့ အရာတွေကို မိမိကိုချစ်တဲ့သူတွေအတွက် ပြင်ဆင်ပေးထားတယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပါပဲ။ ၁၀ ဘုရားသခင်က ကျွန်တော်တို့ကို စွမ်းအားတော်အားဖြင့်+ အဲဒီအကြောင်း ဖော်ပြတယ်။+ စွမ်းအားတော်က အရာခပ်သိမ်းကို ဖော်ပြတယ်။ ဘုရားသခင်ရဲ့ နက်နဲတဲ့ အကြံအစည်တွေကိုတောင် ဖော်ပြတယ်။+
-
-
ဧဖက် ၁:၉-၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ဒီနည်းနဲ့ ကျွန်တော်တို့ကို အလိုတော်နဲ့ဆိုင်တဲ့ မြင့်မြတ်တဲ့လျှို့ဝှက်ချက်ကို+ သိစေတယ်။ အဲဒီလျှို့ဝှက်ချက်ဟာ အလိုတော်အတိုင်း၊ ရည်ရွယ်ထားတဲ့အတိုင်းပါပဲ။ ၁၀ ဘုရားသခင်က သတ်မှတ်ထားချိန်စေ့တဲ့အခါ ကောင်းကင်ပေါ်၊ ကမ္ဘာမြေပေါ် ရှိသမျှကို ခရစ်တော်ဆီမှာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေဖို့ စီမံခန့်ခွဲထားတယ်။+ ၁၁ ကျွန်တော်တို့ကို ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်သူတွေ၊ အမွေခံတွေ ဖြစ်စေတယ်။+ အလိုတော်အတိုင်း အရာရာကို ပြီးမြောက်စေတဲ့အရှင်ရဲ့ ရည်ရွယ်ချက်နဲ့အညီ ကြိုတင်ပြဋ္ဌာန်းခဲ့တယ်။ ၁၂ ဒါကြောင့် ခရစ်တော်ကို ဦးဆုံးမျှော်လင့်ခဲ့ကြတဲ့ ကျွန်တော်တို့အားဖြင့် ဘုရားသခင်ကို လူတွေ ဂုဏ်တင်ချီးမွမ်းကြလိမ့်မယ်။
-
-
ကောလောသဲ ၁:၂၆၊ ၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၆ မြင့်မြတ်တဲ့ အဲဒီလျှို့ဝှက်ချက်ကို+ လွန်ခဲ့တဲ့ လောကစနစ်တွေ*+ အဆက်ဆက်၊ လွန်ခဲ့တဲ့ လူမျိုးအဆက်ဆက်မှာ ဖုံးကွယ်ထားပေမဲ့ အခုတော့ သန့်ရှင်းသူတွေကို ဖွင့်ပြလိုက်ပြီ။+ ၂၇ ဘုရားသခင်က မြင့်မြတ်တဲ့ လျှို့ဝှက်ချက်နဲ့ဆိုင်တဲ့ ဘုန်းစည်းစိမ်အကြောင်း လူမျိုးခြားတွေကိုလည်း သိစေချင်တယ်။+ အဲဒီလျှို့ဝှက်ချက်ဟာ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတာ၊ ခရစ်တော်နဲ့အတူ ဘုန်းအသရေ ခံစားဖို့ မျှော်လင့်ချက်ရှိတာကို ဆိုလိုတယ်။+
-