-
မဿဲ ၁၆:၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ ယေရှုက “ယောနရဲ့သား ရှိမုန်၊ ခင်ဗျား ပျော်လိုက်ပါ။ ခင်ဗျားကို ဒီအကြောင်း ဖော်ပြသူဟာ လူမဟုတ်ဘဲ ကောင်းကင်မှာစံမြန်းတဲ့ အဖဘုရား ဖြစ်နေလို့ပဲ။+
-
-
ဧဖက် ၃:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ဘုရားသခင်က ဒီလျှို့ဝှက်ချက်အကြောင်း ဟိုးအရင်က လူမျိုးဆက်တွေကို မဖော်ပြခဲ့ဘူး။ အခုတော့ သန့်ရှင်းတဲ့ တမန်တော်တွေ၊ ပရောဖက်တွေကို စွမ်းအားတော်နဲ့ ဖော်ပြလိုက်ပြီ။+
-
-
၂ တိမောသေ ၁:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ဘုရားသခင်က ငါတို့ရဲ့လုပ်ရပ်ကြောင့် မဟုတ်ဘဲ မိမိရဲ့ ရည်ရွယ်ချက်ကြောင့်၊ မဟာကရုဏာကြောင့်+ ကျွန်တော်တို့ကို ကယ်တင်ပြီး သန့်ရှင်းသူတွေအဖြစ် ရွေးချယ်ခဲ့တယ်။+ ဟိုးအရင်ကတည်းက ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို အဲဒီလို မဟာကရုဏာပြခဲ့တယ်။ ၁၀ အခု၊ ကယ်တင်ရှင် ခရစ်တော်ယေရှု ရောက်လာတဲ့အခါ အဲဒီမဟာကရုဏာဟာ ပိုပြီးထင်ရှားလာတယ်။+ ခရစ်တော်က သေခြင်းကို ဖယ်ရှားလိုက်ရုံမက+ အသက်ရှင်ခြင်းနဲ့+ မပုပ်ပျက်နိုင်တဲ့အဖြစ်ကို+ ဘယ်လိုရရှိနိုင်မယ်ဆိုတာကိုပါ သတင်းကောင်းအားဖြင့်+ ရှင်းရှင်းလင်းလင်း နားလည်စေပြီ။
-
-
၁ ပေတရု ၁:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ကိုယ့်အတွက်မဟုတ်ဘဲ ခင်ဗျားတို့အတွက် ပရောဖက်ပြုရမယ်ဆိုပြီး သူတို့ကို ဘုရားသခင် အသိပေးခဲ့တယ်။ သူတို့က ကောင်းကင်ကနေ စေလွှတ်လိုက်တဲ့ သန့်ရှင်းသောစွမ်းအားတော် အကူအညီနဲ့ သတင်းကောင်းဟောခဲ့လို့+ အခု ခင်ဗျားတို့ အဲဒီအကြောင်း ကြားသိနေရတယ်။ ကောင်းကင်တမန်တွေဆိုရင် အဲဒီအကြောင်းတွေကို သိပ်သိချင်နေကြတာ။
-