ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မာကု ၈:၁-၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ အဲဒီအချိန်မှာ လူတွေ အုပ်လိုက်ကြီး ရောက်လာပြန်တယ်။ စားစရာ မရှိတဲ့အတွက် ယေရှုက တပည့်တွေကို ခေါ်ပြီး၊ ၂ “ဒီလူအုပ်ကို ကျွန်တော် သနားတယ်။+ သုံးရက်လုံးလုံး ကျွန်တော်နဲ့အတူ ရှိနေကြတာ။ သူတို့မှာ စားစရာလည်း မရှိဘူး။+ ၃ တချို့ဆိုရင် အဝေးကြီးကို ပြန်ရမှာ။ တစ်ခုခု မကျွေးဘဲနဲ့ အိမ်ပြန်ခိုင်းလိုက်ရင် လမ်းမှာ အားပြတ်ကုန်မယ်” လို့ပြောတယ်။ ၄ ဒါပေမဲ့ တပည့်တွေက “ဒီလူတွေ အဝစားနိုင်လောက်တဲ့ စားစရာကို ဒီလောက်ခေါင်တဲ့ နေရာမျိုးမှာ ဘယ်လိုလုပ် ရနိုင်မှာလဲ” ဆိုတော့၊ ၅ ယေရှုက “ခင်ဗျားတို့မှာ မုန့်ဘယ်နှစ်လုံးရှိသလဲ” လို့ မေးတဲ့အခါ “ခုနစ်လုံး ရှိပါတယ်”+ လို့ဖြေတယ်။ ၆ ဒါနဲ့ လူအုပ်ကို မြေပေါ် ထိုင်ခိုင်းတယ်။ မုန့်ခုနစ်လုံးကိုယူ၊ ကျေးဇူးတင်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ပြီး တပည့်တွေကို ပေးတယ်။ တပည့်တွေက လူအုပ်ကို ပြန်ဝေပေးတယ်။+ ၇ ဒါ့အပြင် ငါးကလေး နည်းနည်း ရှိနေတဲ့အတွက် ကျေးဇူးတင်ချီးမွမ်းပြီးနောက် ဝေခိုင်းလိုက်တယ်။ ၈ လူတွေ အဝစားပြီးနောက် စားကြွင်းစားကျန်ကို ကောက်သိမ်းတဲ့အခါ တောင်းကြီး ခုနစ်တောင်း အပြည့်ရတယ်။+ ၉ စားတဲ့သူက ယောက်ျား ၄,၀၀၀ လောက်ရှိတယ်။ အဲဒီနောက် သူတို့ကို အိမ်ပြန်လွှတ်လိုက်တယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ