-
မဿဲ ၁၅:၃၂-၃၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၂ ယေရှုက တပည့်တွေကို ခေါ်ပြီး “ဒီလူအုပ်ကို ကျွန်တော် သနားတယ်။+ သုံးရက်လုံးလုံး ကျွန်တော်နဲ့အတူရှိနေကြတာ။ သူတို့မှာ စားစရာလည်း မရှိဘူး။ တစ်ခုခု မကျွေးဘဲနဲ့ ပြန်မလွှတ်ချင်ဘူး။ လွှတ်လိုက်ရင် လမ်းမှာ အားပြတ်ကုန်မယ်”+ လို့ပြောတယ်။ ၃၃ တပည့်တွေက “ဒီလောက်များတဲ့ လူအုပ်ကို အဝကျွေးနိုင်လောက်တဲ့ စားစရာ ဘယ်ကရနိုင်မှာလဲ။ ဒီနေရာက သိပ်ခေါင်တယ်”+ လို့ ပြောတယ်။ ၃၄ ယေရှုက “ခင်ဗျားတို့မှာ မုန့်ဘယ်နှစ်လုံး ရှိသလဲ” လို့မေးတော့ “မုန့်ခုနစ်လုံးနဲ့ ငါးကလေးနည်းနည်းပဲ ရှိပါတော့တယ်” လို့ဖြေတယ်။ ၃၅ ဒါနဲ့ လူအုပ်ကို မြေပေါ်ထိုင်ခိုင်းပြီး၊ ၃၆ မုန့်ခုနစ်လုံးနဲ့ ငါးကိုယူ၊ ကျေးဇူးတင်ချီးမွမ်းပြီးမှ မုန့်နဲ့ငါးကို ဖဲ့ပြီး တပည့်တွေကို ပေးလိုက်တယ်။ တပည့်တွေက လူအုပ်ကို ပြန်ဝေပေးတယ်။+ ၃၇ အားလုံး ဝဝလင်လင် စားပြီးတဲ့နောက် စားကြွင်းစားကျန်ကို ကောက်သိမ်းတဲ့အခါ တောင်းကြီးခုနစ်တောင်း အပြည့်ရတယ်။+ ၃၈ စားတဲ့သူတွေဟာ ယောက်ျား ၄,၀၀၀ ရှိတယ်။ အမျိုးသမီးတွေ၊ ကလေးတွေလည်း ရှိသေးတယ်။
-