ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မာကု ၈:၁၃-၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ သူတို့ဆီကနေ ထွက်သွားပြီးနောက် လှေစီးပြီး ကမ်းတစ်ဖက်ကို ပြန်သွားတယ်။

      ၁၄ တပည့်တွေ စားစရာယူလာဖို့ မေ့သွားတဲ့အတွက် လှေပေါ်မှာ မုန့်တစ်လုံးပဲ ပါလာတယ်။+ ၁၅ ယေရှုက “မျက်စိရှင်ရှင်ထားပြီး ဖာရိရှဲနဲ့ဟေရုဒ်တို့ရဲ့ တဆေးကို သတိထားကြ”+ လို့ ပြတ်ပြတ်သားသား  ပြောတော့၊ ၁၆ တပည့်တွေက စားစရာ မပါလာတဲ့အကြောင်း ငြင်းခုံကြတယ်။ ၁၇ ဒါကိုသိတော့ ယေရှုက “စားစရာမပါလာတဲ့ ကိစ္စအတွက်နဲ့ ဘာလို့ ငြင်းခုံနေတာလဲ။ အခုထိ မသိသေးဘူးလား၊ သဘောမပေါက်သေးဘူးလား။ နားမလည်နိုင်ကြဘူးလား။ ၁၈ ‘ခင်ဗျားတို့ မျက်စိရှိလျက်နဲ့ မမြင်ဘူးလား။ နားရှိလျက်နဲ့ မကြားဘူးလား။’ ၁၉ ယောက်ျား ၅,၀၀၀ ကို ကျွန်တော် မုန့်ငါးလုံးဖဲ့ပေးတုန်းက+ စားကြွင်းစားကျန် ဘယ်နှစ်တောင်းအပြည့် ကောက်သိမ်းခဲ့ရသလဲ၊ မှတ်မိကြသလား” လို့ မေးတဲ့အခါ “ဆယ့်နှစ်တောင်း ရတယ်”+ လို့ သူတို့ဖြေတယ်။ ၂၀ “ယောက်ျား ၄,၀၀၀ ကို မုန့်ခုနစ်လုံး ဖဲ့ပေးတုန်းကလည်း စားကြွင်းစားကျန် တောင်းကြီး ဘယ်နှစ်တောင်းအပြည့် ကောက်သိမ်းခဲ့ရသလဲ” လို့မေးတဲ့အခါ “ခုနစ်တောင်း ရတယ်”+ လို့ သူတို့ဖြေတယ်။ ၂၁ အဲဒီအခါ ယေရှုက “ကျွန်တော်ဆိုလိုတာကို အခုထိ သဘောမပေါက်သေးဘဲကိုး” လို့ပြောတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ