ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၁၆:၅-၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ တပည့်တွေက ကမ်းတစ်ဖက်ကို ကူးတဲ့အခါ စားစရာယူလာဖို့ မေ့သွားတယ်။+ ၆ ယေရှုက  “မျက်စိရှင်ရှင်ထားပြီး ဖာရိရှဲနဲ့ ဇဒ္ဒုကဲတို့ရဲ့ တဆေးကို သတိထားကြ”+  လို့ပြောတော့၊ ၇ “ငါတို့ စားစရာမယူလာလို့ အဲဒီလိုပြောတာနေမှာ” ဆိုပြီး သူတို့အချင်းချင်း ပြောကြတယ်။ ၈ ဒါကို ယေရှုသိတော့ “ယုံကြည်ခြင်းနည်းသူတို့၊ စားစရာမပါလာတဲ့အကြောင်း ဘာလို့ပြောနေကြတာလဲ။ ၉ ကျွန်တော် ဘာကိုဆိုလိုနေမှန်း နားမလည်သေးဘူးလား။ မုန့်ငါးလုံးနဲ့ လူ ၅,၀၀၀ ကို ကျွန်တော်ကျွေးပြီးတဲ့နောက် စားကြွင်းစားကျန် လိုက်ကောက်တာ ဘယ်နှစ်တောင်းရမှန်း မမှတ်မိကြဘူးလား။+ ၁၀ မုန့်ခုနစ်လုံးနဲ့ လူ ၄,၀၀၀ ကို ကျွေးပြီးတဲ့နောက်  စားကြွင်းစားကျန်  လိုက်ကောက်တာ  တောင်းကြီးဘယ်နှစ်တောင်း ရတယ်ဆိုတာကိုရော သတိမရကြဘူးလား။+ ၁၁ ကျွန်တော် စားစရာအကြောင်း ပြောနေတာမဟုတ်မှန်း ဘာလို့ နားမလည်တာလဲ။ ဖာရိရှဲနဲ့ဇဒ္ဒုကဲတို့ရဲ့ တဆေးကို သတိထားဖို့ ပြောနေတာ”+  ဆိုပြီးပြောတယ်။ ၁၂ အဲဒီတော့မှ မုန့်ထဲထည့်တဲ့ တဆေးကိုမဟုတ်ဘဲ ဖာရိရှဲနဲ့ ဇဒ္ဒုကဲတို့ရဲ့ သွန်သင်ချက်ကို သတိထားဖို့ ယေရှုပြောနေမှန်း သူတို့နားလည်သွားတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ