-
မာကု ၈:၂၇-၂၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ ကဲသရိ ဖိလိပ္ပိနယ်မှာရှိတဲ့ ရွာတွေဆီ သွားတဲ့လမ်းမှာ ယေရှုက “ကျွန်တော့်ကို ဘယ်သူလို့ ပြောကြသလဲ” ဆိုပြီးမေးတဲ့အခါ၊+ ၂၈ တပည့်တွေက “နှစ်ခြင်းပေးသူ ယောဟန်လို့ ပြောကြတယ်။+ တချို့က ဧလိယတဲ့။+ တချို့ကျပြန်တော့ ပရောဖက်တစ်ယောက်ပဲတဲ့” ဆိုပြီး ဖြေတယ်။ ၂၉ “ခင်ဗျားတို့ကော ကျွန်တော့်ကို ဘယ်သူလို့ ပြောမလဲ” ဆိုပြီး ယေရှုမေးတဲ့အခါ ပေတရုက “သခင်ဟာ ခရစ်တော်ပါ”+ လို့ဖြေတယ်။
-
-
လုကာ ၉:၁၈-၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ တစ်နေ့၊ ယေရှုတစ်ယောက်တည်း ဆုတောင်းနေချိန်မှာ တပည့်တွေ အနားရောက်လာတယ်။ ယေရှုက “လူတွေ ကျွန်တော့်ကို ဘယ်သူလို့ ပြောကြသလဲ” လို့မေးတယ်။+ ၁၉ တပည့်တွေက “နှစ်ခြင်းပေးသူ ယောဟန်လို့ ပြောကြတယ်။ တချို့က ဧလိယတဲ့။ တချို့ကျတော့ ရှေးခေတ် ပရောဖက်တစ်ယောက် သေရာကနေ ပြန်ရှင်လာတာလို့ ပြောကြတယ်” ဆိုပြီး ဖြေတယ်။+ ၂၀ ယေရှုက “ခင်ဗျားတို့ကော ကျွန်တော့်ကို ဘယ်သူလို့ ပြောမလဲ” ဆိုပြီးမေးတဲ့အခါ ပေတရုက “ဘုရားသခင် စေလွှတ်လိုက်တဲ့ ခရစ်တော်ပါ”+ လို့ဖြေတယ်။
-