-
မဿဲ ၁၆:၁၃-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ကဲသရိ ဖိလိပ္ပိဒေသကို ရောက်လာတဲ့အခါ ယေရှုက “လူတွေက လူသားကို ဘယ်သူလို့ ပြောကြသလဲ” ဆိုပြီး တပည့်တွေကို မေးတော့၊+ ၁၄ “တချို့က နှစ်ခြင်းပေးသူ ယောဟန်လို့+ ပြောကြတယ်။ တချို့က ဧလိယတဲ့။+ တချို့ကျပြန်တော့ ယေရမိ ဒါမှမဟုတ် ပရောဖက်တစ်ယောက်တဲ့” ဆိုပြီးဖြေကြတယ်။ ၁၅ ယေရှုက “ခင်ဗျားတို့ကော ကျွန်တော့်ကို ဘယ်သူလို့ ပြောမလဲ” ဆိုပြီးမေးတဲ့အခါ၊ ၁၆ ရှိမုန်ပေတရုက “သခင်ဟာ ခရစ်တော်ပဲ။+ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ သားပါ”+ လို့ပြန်ဖြေတယ်။
-
-
မာကု ၈:၂၇-၃၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ ကဲသရိ ဖိလိပ္ပိနယ်မှာရှိတဲ့ ရွာတွေဆီ သွားတဲ့လမ်းမှာ ယေရှုက “ကျွန်တော့်ကို ဘယ်သူလို့ ပြောကြသလဲ” ဆိုပြီးမေးတဲ့အခါ၊+ ၂၈ တပည့်တွေက “နှစ်ခြင်းပေးသူ ယောဟန်လို့ ပြောကြတယ်။+ တချို့က ဧလိယတဲ့။+ တချို့ကျပြန်တော့ ပရောဖက်တစ်ယောက်ပဲတဲ့” ဆိုပြီး ဖြေတယ်။ ၂၉ “ခင်ဗျားတို့ကော ကျွန်တော့်ကို ဘယ်သူလို့ ပြောမလဲ” ဆိုပြီး ယေရှုမေးတဲ့အခါ ပေတရုက “သခင်ဟာ ခရစ်တော်ပါ”+ လို့ဖြေတယ်။ ၃၀ အဲဒီအခါ သူ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့ ယေရှု အသေအချာမှာတယ်။+
-