ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မာကု ၁၄:၃-၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ဗေသနိရွာက  အနာကြီးရောဂါသည်  ရှိမုန်ရဲ့အိမ်မှာ  ယေရှုစားသောက်နေတုန်း  အမျိုးသမီးတစ်ယောက်က တန်ဖိုးကြီး နာဒု* ဆီမွှေးစစ်စစ်ပါတဲ့ ကျောက်ဖြူဘူးကို ယူလာတယ်။ ကျောက်ဖြူဘူးကို  ဖွင့်ပြီး ယေရှုရဲ့ခေါင်းပေါ်  လောင်းလိုက်တယ်။+ ၄ အဲဒီအခါ တချို့က စိတ်ဆိုးဆိုးနဲ့ “ဆီမွှေးကို ဖြုန်းတီးနေတာ။ ၅ ဒေနာရိ* ၃၀၀ ကျော်နဲ့ ရောင်းပြီး ဆင်းရဲသားတွေကို ပေးလို့ရတာပဲ” ဆိုပြီး အချင်းချင်းပြောကြတယ်။ အဲဒီအမျိုးသမီးကိုလည်း စိတ်ဆိုးပြီး ဆူကြတယ်။ ၆ ယေရှုက “ထားလိုက်ပါ။ သူ့ကို ဘာလို့ နှောင့်ယှက်နေတာလဲ။ သူက ကျွန်တော့်ကို ကောင်းမှုပြုနေတာ။+ ၇ ဆင်းရဲသားတွေက ခင်ဗျားတို့နဲ့အတူ အမြဲရှိနေမှာပဲ။+ ခင်ဗျားတို့ အလိုရှိတဲ့အခါတိုင်း သူတို့ကို ကောင်းမှုပြုနိုင်တယ်။ ကျွန်တော်ကတော့ ခင်ဗျားတို့နဲ့အတူ  အမြဲရှိနေမှာ  မဟုတ်ဘူး။+ ၈ သူတတ်နိုင်တာကို  သူလုပ်တာပဲ။ ကျွန်တော့်အပေါ် ဆီမွှေးလောင်းတာဟာ ကျွန်တော့်ကို သင်္ဂြိုဟ်ဖို့ ကြိုတင်ပြင်ဆင်နေတာ။+ ၉ ကျွန်တော် မှန်တာကိုပြောမယ်။ သတင်းကောင်း ဟောလေရာ မြေတစ်ပြင်လုံးမှာ+ သူ့ကို အမှတ်ရတဲ့အနေနဲ့ သူလုပ်ခဲ့တာတွေကို ပြောကြလိမ့်မယ်”+  လို့ပြောတယ်။

  • ယောဟန် ၁၂:၁-၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ ပသခါပွဲမတိုင်ခင် ခြောက်ရက်အလိုမှာ ယေရှုက လာဇရုနေထိုင်တဲ့  ဗေသနိရွာကို  ရောက်လာတယ်။+ သူ့ကို သေရာကနေ အသက်ပြန်ရှင်လာအောင်  ယေရှုလုပ်ပေးခဲ့တာ။ ၂ အဲဒီရွာမှာ ယေရှုအတွက် ညစာတည်ခင်းတဲ့အခါ မာသက ဧည့်ဝတ်ပြုနေတယ်။+ လာဇရုကတော့ ယေရှုနဲ့အတူ စားသောက်နေတယ်။ ၃ အဲဒီအချိန်မှာ မာရိက တန်ဖိုးကြီး နာဒု* ဆီမွှေးစစ်စစ် တစ်ပေါင်* ယူလာပြီး ယေရှုရဲ့ခြေကို လိမ်းပေးတယ်။ အဲဒီနောက် သူ့ဆံပင်နဲ့ သုတ်ပေးလိုက်တော့ တစ်အိမ်လုံး ဆီမွှေးရနံ့ သင်းပျံ့သွားတယ်။+ ၄ ယေရှုကို သစ္စာဖောက်မယ့်တပည့် ယုဒရှကာရုတ်က၊+ ၅ “အဲဒီဆီမွှေးကို ဒေနာရိ* ၃၀၀ နဲ့ရောင်းပြီး ဆင်းရဲသားတွေကို ဘာလို့မပေးတာလဲ” ဆိုပြီး အပြစ်တင်တယ်။ ၆ တကယ်တော့ ဆင်းရဲသားတွေအကျိုးအတွက် သူ အဲဒီလိုပြောနေတာ မဟုတ်ဘူး။ ငွေသေတ္တာကိုင်ရသူဆိုတော့ ထည့်ဝင်တဲ့ငွေတွေကို သူ ခိုးယူနေကျဖြစ်လို့ပဲ။ ၇ ယေရှုက “သူ့ကို ထားလိုက်ပါ။ ကျွန်တော့်ကို သင်္ဂြိုဟ်မယ့်နေ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ထုံးစံအတိုင်း သူလုပ်နေတာ။+ ၈ ဆင်းရဲသားတွေဟာ ခင်ဗျားနဲ့အတူ အမြဲရှိနေမှာပဲ။+ ကျွန်တော်ကတော့ အမြဲရှိနေမှာ မဟုတ်ဘူး”+ လို့ပြောတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ