-
မဿဲ ၂၆:၆-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ဗေသနိရွာက အနာကြီးရောဂါသည် ရှိမုန်ရဲ့အိမ်မှာ ယေရှုရှိနေတုန်း၊+ ၇ အမျိုးသမီးတစ်ယောက်က တန်ဖိုးကြီးဆီမွှေးပါတဲ့ ကျောက်ဖြူဘူးကို ယူလာပြီး စားသောက်နေတဲ့ ယေရှုရဲ့ ခေါင်းပေါ် လောင်းလိုက်တယ်။ ၈ အဲဒါကိုမြင်တဲ့အခါ တပည့်တွေက စိတ်ဆိုးဆိုးနဲ့ “ဒါဖြုန်းတီးနေတာ။ ၉ အဲဒီဆီကို စျေးကြီးကြီးနဲ့ ရောင်းပြီး ဆင်းရဲသားတွေကို ပေးလို့ရတယ်” လို့ ပြောကြတယ်။
-
-
ယောဟန် ၁၂:၂-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ အဲဒီရွာမှာ ယေရှုအတွက် ညစာတည်ခင်းတဲ့အခါ မာသက ဧည့်ဝတ်ပြုနေတယ်။+ လာဇရုကတော့ ယေရှုနဲ့အတူ စားသောက်နေတယ်။ ၃ အဲဒီအချိန်မှာ မာရိက တန်ဖိုးကြီး နာဒု* ဆီမွှေးစစ်စစ် တစ်ပေါင်* ယူလာပြီး ယေရှုရဲ့ခြေကို လိမ်းပေးတယ်။ အဲဒီနောက် သူ့ဆံပင်နဲ့ သုတ်ပေးလိုက်တော့ တစ်အိမ်လုံး ဆီမွှေးရနံ့ သင်းပျံ့သွားတယ်။+ ၄ ယေရှုကို သစ္စာဖောက်မယ့်တပည့် ယုဒရှကာရုတ်က၊+ ၅ “အဲဒီဆီမွှေးကို ဒေနာရိ* ၃၀၀ နဲ့ရောင်းပြီး ဆင်းရဲသားတွေကို ဘာလို့မပေးတာလဲ” ဆိုပြီး အပြစ်တင်တယ်။
-