-
မာကု ၁၄:၄၃-၄၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၃ အဲဒီလိုပြောနေတုန်းမှာပဲ တမန်တော် ၁၂ ယောက်ထဲက ယုဒက ဓားတွေ၊ တုတ်တွေကိုင်ထားတဲ့ လူတွေနဲ့အတူ ရောက်လာတယ်။ အဲဒီလူတွေကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ၊ အကြီးအကဲတွေ လွှတ်လိုက်တာ။+ ၄၄ သစ္စာဖောက်ယုဒက “ငါနမ်းတဲ့သူဟာ ယေရှုပဲ။ သူ့ကိုဖမ်းပြီး စောင့်ကြပ်ခေါ်သွားကြ” လို့အချက်ပေးထားပြီးပြီ။ ၄၅ သူရောက်လာတာနဲ့ ယေရှုဆီ တန်းသွားပြီး “ဆရာ” လို့ခေါ်ပြီး နမ်းတယ်။ ၄၆ လူတွေလည်း ယေရှုကို ဖမ်းဆီးလိုက်ကြတယ်။ ၄၇ အနားမှာရပ်နေတဲ့ လူတစ်ယောက်က ဓားကိုဆွဲထုတ်ပြီး ပုရောဟိတ်မင်းရဲ့ ကျွန်ကို ခုတ်လိုက်တာ နားရွက်ပြတ်သွားတယ်။+
-
-
လုကာ ၂၂:၄၇-၅၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၇ အဲဒီလိုပြောနေတုန်းမှာပဲ လူတစ်အုပ် ရောက်လာတယ်။ တမန်တော် ၁၂ ယောက်အဝင်ဖြစ်တဲ့ ယုဒက ဦးဆောင်ခေါ်လာတာ။ သူက ယေရှုဆီ သွားပြီး နမ်းလိုက်တယ်။+ ၄၈ ဒါနဲ့ ယေရှုက “ယုဒ၊ ခင်ဗျားက လူသားကို နမ်းပြီး သစ္စာဖောက်လိုက်တာပေါ့” လို့ပြောတယ်။ ၄၉ အနားမှာရှိသူတွေက ဘာဖြစ်တော့မယ်ဆိုတာ ရိပ်မိပြီး “သခင်၊ ဓားနဲ့ခုတ်လိုက်ရမလား” လို့မေးတယ်။ ၅၀ သူတို့ထဲက တစ်ယောက်က ပုရောဟိတ်မင်းရဲ့ကျွန်ကို ခုတ်လိုက်တဲ့အတွက် ညာဘက်နားရွက် ပြတ်သွားတယ်။+ ၅၁ ယေရှုက “တော်တော့” လို့ပြောပြီး သူ့နားရွက်ကို တို့လိုက်တဲ့အခါ အကောင်းပကတိ ဖြစ်သွားတယ်။
-
-
ယောဟန် ၁၈:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ ယုဒက စစ်သည်တစ်စုအပြင် ပုရောဟိတ်ကြီးတွေနဲ့ ဖာရိရှဲတွေရဲ့ အစောင့်ရဲမက်တွေကိုပါ ခေါ်ပြီး အဲဒီကို ရောက်လာတယ်။ မီးတုတ်၊ မီးအိမ်၊ လက်နက်တွေ ကိုင်ထားကြတယ်။+
-