ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၂၆:၄၇-၅၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၇ အဲဒီအချိန်မှာပဲ တမန်တော် ၁၂ ယောက်ထဲက ယုဒ ရောက်လာတယ်။ ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေ လွှတ်လိုက်တဲ့ လူအုပ်လည်း ဓားတွေ၊ တုတ်တွေ ကိုင်ပြီး အတူလိုက်ပါလာတယ်။+

      ၄၈ သစ္စာဖောက်ယုဒက “ငါနမ်းတဲ့သူဟာ ယေရှုပဲ။ သူ့ကို ဖမ်းလိုက်” လို့အချက်ပေးထားပြီးပြီ။ ၄၉ ရောက်တာနဲ့ ယေရှုဆီ တန်းသွားပြီး “ဆရာ၊ မင်္ဂလာပါ”  ဆိုပြီး  နမ်းလိုက်တယ်။ ၅၀ ယေရှုက “ဘာအတွက် လာတာလဲ” လို့ ယုဒကိုမေးတဲ့အခါ+ သူတို့ ရှေ့တိုးလာပြီး ယေရှုကို ဖမ်းဆီးကြတယ်။ ၅၁ ယေရှုနဲ့ပါလာတဲ့ တစ်ယောက်က ဓားဆွဲထုတ်ပြီး ပုရောဟိတ်မင်းရဲ့ကျွန်ကို  ခုတ်လိုက်တော့ နားရွက်ပြတ်သွားတယ်။+

  • လုကာ ၂၂:၄၇-၅၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၇ အဲဒီလိုပြောနေတုန်းမှာပဲ  လူတစ်အုပ်  ရောက်လာတယ်။  တမန်တော် ၁၂ ယောက်အဝင်ဖြစ်တဲ့ ယုဒက ဦးဆောင်ခေါ်လာတာ။ သူက ယေရှုဆီ သွားပြီး နမ်းလိုက်တယ်။+ ၄၈ ဒါနဲ့ ယေရှုက “ယုဒ၊ ခင်ဗျားက လူသားကို နမ်းပြီး သစ္စာဖောက်လိုက်တာပေါ့” လို့ပြောတယ်။ ၄၉ အနားမှာရှိသူတွေက ဘာဖြစ်တော့မယ်ဆိုတာ ရိပ်မိပြီး “သခင်၊ ဓားနဲ့ခုတ်လိုက်ရမလား” လို့မေးတယ်။ ၅၀ သူတို့ထဲက တစ်ယောက်က ပုရောဟိတ်မင်းရဲ့ကျွန်ကို ခုတ်လိုက်တဲ့အတွက် ညာဘက်နားရွက် ပြတ်သွားတယ်။+ ၅၁ ယေရှုက “တော်တော့” လို့ပြောပြီး သူ့နားရွက်ကို တို့လိုက်တဲ့အခါ အကောင်းပကတိ ဖြစ်သွားတယ်။

  • ယောဟန် ၁၈:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ယုဒက စစ်သည်တစ်စုအပြင် ပုရောဟိတ်ကြီးတွေနဲ့ ဖာရိရှဲတွေရဲ့ အစောင့်ရဲမက်တွေကိုပါ ခေါ်ပြီး အဲဒီကို ရောက်လာတယ်။ မီးတုတ်၊ မီးအိမ်၊ လက်နက်တွေ ကိုင်ထားကြတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ