ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၂၀:၁၇-၁၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ ဂျေရုဆလင်မြို့ကို တက်သွားတဲ့လမ်းမှာ ယေရှုက တပည့် ၁၂ ယောက်ကိုပဲ ခေါ်ပြီး၊+ ၁၈ “အခု ကျွန်တော်တို့ ဂျေရုဆလင်မြို့ကို သွားနေတာ။ လူသားကို  ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေလက်ထဲ  အပ်လိမ့်မယ်။ သူတို့  သေဒဏ်စီရင်ကြလိမ့်မယ်။+ ၁၉ လူသားကို လူမျိုးခြားတွေလက်ထဲ အပ်တဲ့အတွက် လှောင်ပြောင်ရိုက်နှက်၊ သစ်တိုင်ပေါ်တင်ပြီး သတ်ကြလိမ့်မယ်။+ အဲဒီနောက် သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်”+ လို့ပြောပြတယ်။

  • မာကု ၈:၃၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၁ ပြီးတော့ လူသားဟာ ဒုက္ခအများကြီး ခံရမယ်၊ အကြီးအကဲတွေ၊ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ ငြင်းပယ်တာကို ခံရမယ်၊ အသတ်ခံရပြီးနောက်+ သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်ဆိုတဲ့အကြောင်း+ တပည့်တွေကို ပြောပြတယ်။

  • မာကု ၉:၃၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၁ တပည့်တွေကို သွန်သင်ပေးချင်လို့ပဲ။  “လူသားကို  သစ္စာဖောက်ပြီး လူတွေလက်ထဲ အပ်ကြလိမ့်မယ်။ အသေသတ်ကြလိမ့်မယ်။+ လူသားဟာ အသတ်ခံရပေမဲ့ သုံးရက်ကြာရင် အသက်ပြန်ရှင်လာမယ်” ဆိုပြီး သူတို့ကို ပြောပြတယ်။+

  • လုကာ ၉:၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ပြီးတော့ “လူသားဟာ ဒုက္ခအများကြီး ခံရမယ်။ အကြီးအကဲတွေ၊ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ ငြင်းပယ်တာကို ခံရမယ်။ အသတ်ခံရပြီး+  သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်”+ လို့ပြောတယ်။

  • လုကာ ၁၈:၃၁-၃၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၁ အဲဒီနောက် ယေရှုက တမန်တော် ၁၂ ယောက်ကိုပဲ ခေါ်ပြီး “အခု ကျွန်တော်တို့ ဂျေရုဆလင်မြို့ကို သွားနေတာ။ လူသားနဲ့ပတ်သက်ပြီး ပရောဖက်တွေ ရေးထားသမျှ ပြည့်စုံလာတော့မယ်။+ ၃၂ လူသားကို လူမျိုးခြားတွေလက်ထဲ  အပ်ကြလိမ့်မယ်။+ လှောင်ပြောင်ပြီး+ အရှက်ခွဲကြလိမ့်မယ်၊ တံတွေးထွေးကြလိမ့်မယ်။+ ၃၃ ကျာပွတ်နဲ့ ရိုက်ကြလိမ့်မယ်။ အဲဒီနောက် အသေသတ်ကြလိမ့်မယ်။+ ဒါပေမဲ့ သုံးရက်ကြာရင် အသက်ပြန်ရှင်လာလိမ့်မယ်”+ လို့ပြောပြတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ