-
မဿဲ ၁၆:၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ အဲဒီအချိန်ကစပြီး ယေရှုဟာ ဂျေရုဆလင်မြို့ကို သူသွားရမယ်၊ အကြီးအကဲတွေ၊ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ လက်ချက်နဲ့ ဒုက္ခအများကြီးခံရမယ်၊ အဲဒီနောက် အသတ်ခံရပြီး သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ အကြောင်းတွေကို တပည့်တွေကို ရှင်းပြတယ်။+
-
-
မဿဲ ၂၀:၁၇-၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ ဂျေရုဆလင်မြို့ကို တက်သွားတဲ့လမ်းမှာ ယေရှုက တပည့် ၁၂ ယောက်ကိုပဲ ခေါ်ပြီး၊+ ၁၈ “အခု ကျွန်တော်တို့ ဂျေရုဆလင်မြို့ကို သွားနေတာ။ လူသားကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေလက်ထဲ အပ်လိမ့်မယ်။ သူတို့ သေဒဏ်စီရင်ကြလိမ့်မယ်။+ ၁၉ လူသားကို လူမျိုးခြားတွေလက်ထဲ အပ်တဲ့အတွက် လှောင်ပြောင်ရိုက်နှက်၊ သစ်တိုင်ပေါ်တင်ပြီး သတ်ကြလိမ့်မယ်။+ အဲဒီနောက် သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်”+ လို့ပြောပြတယ်။
-
-
မာကု ၁၀:၃၂-၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၂ ဂျေရုဆလင်မြို့ကို တက်သွားတဲ့လမ်းမှာ ယေရှုက ရှေ့ကိုရောက်နှင့်နေတဲ့အတွက် တပည့်တွေ အံ့သြကြတယ်။ လိုက်ပါလာတဲ့ တခြားသူတွေကတော့ ကြောက်နေတယ်။ ဒီတစ်ကြိမ်မှာလည်း ယေရှုက တမန်တော် ၁၂ ယောက်ကိုပဲ ခေါ်ပြီး သူကြုံရမယ့်အရာတွေကို အခုလိုပြောပြတယ်–+ ၃၃ “အခု ကျွန်တော်တို့ ဂျေရုဆလင်မြို့ကို သွားနေတယ်။ လူသားကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေလက်ထဲ အပ်ကြလိမ့်မယ်။ သေဒဏ်စီရင်ကြလိမ့်မယ်။ လူမျိုးခြားတွေလက်ထဲ အပ်ကြလိမ့်မယ်။ ၃၄ လှောင်ပြောင်ရိုက်နှက်ပြီး တံတွေးထွေးကြမယ်။ အသေသတ်ကြလိမ့်မယ်။ ဒါပေမဲ့ သုံးရက်ကြာရင် အသက်ပြန်ရှင်လာလိမ့်မယ်။”+
-