-
မဿဲ ၉:၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၄ ဖာရိရှဲတွေကတော့ “ဒီလူက နတ်ဆိုးမင်းရဲ့ အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တာ” လို့ပြောကြတယ်။+
-
-
မဿဲ ၁၂:၂၄-၂၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ ဒါကို ဖာရိရှဲတွေကြားတော့ “ဒီလူဟာ နတ်ဆိုးမင်း ဗေလဇေဗုလ* အကူအညီနဲ့ နတ်ဆိုးတွေကိုနှင်ထုတ်နေတာ” လို့ပြောကြတယ်။+ ၂၅ သူတို့ဘာတွေးနေမှန်းသိလို့ ယေရှုက “နိုင်ငံတစ်ခုမှာ ပြည်သူတွေ စိတ်ဝမ်းကွဲနေရင် အဲဒီနိုင်ငံ ပျက်စီးမှာပဲ။ ဘယ်မြို့မဆို၊ ဘယ်မိသားစုမဆို စိတ်ဝမ်းကွဲနေရင် တည်မြဲနိုင်မှာ မဟုတ်ဘူး။ ၂၆ အဲဒီလိုပဲ စာတန်က စာတန်ကို နှင်ထုတ်တယ်ဆိုရင် ဒါဟာ စိတ်ဝမ်းကွဲနေလို့ပေါ့။ အဲဒီလိုဖြစ်နေရင် သူ့နိုင်ငံ ဘယ်လိုလုပ် တည်မြဲမှာလဲ။ ၂၇ ကျွန်တော်က ဗေလဇေဗုလအကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ တပည့်တွေကရော ဘယ်သူ့အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တာလဲ။ ဒီတော့ ခင်ဗျားတို့ မှားနေမှန်း ခင်ဗျားတို့ရဲ့တပည့်တွေ ထောက်ပြနေတာပဲ။ ၂၈ ဘုရားသခင့် စွမ်းအားတော် အကူအညီနဲ့ နတ်ဆိုးတွေကို ကျွန်တော် နှင်ထုတ်တာဆိုရင်တော့ ခင်ဗျားတို့ ဘုရားသခင့်နိုင်ငံတော်နဲ့ လွဲသွားပြီ။+ ၂၉ ခွန်အားကြီးသူကို အရင်မချည်နှောင်ဘဲ သူ့အိမ်ထဲဝင်ပြီး ပစ္စည်းဥစ္စာတွေ လုယူလို့ရမလား။ သူ့ကို အရင်ချည်နှောင်ပြီးမှပဲ လုယူလို့ ရမှာပေါ့။
-