ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၈:၂၈၊ ၂၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၈ အိုင်တစ်ဖက်ကမ်း ဂါဒရနယ်ကို ရောက်တဲ့အခါ နတ်ဆိုးစွဲသူနှစ်ယောက် သင်္ချိုင်းဂူတွေကြားထဲကနေ ထွက်လာတော့ ယေရှုနဲ့ဆုံတယ်။+ သူတို့ဟာ အလွန်ကြမ်းကြုတ်တဲ့အတွက် အဲဒီလမ်းကို ဘယ်သူမှ မဖြတ်ရဲဘူး။ ၂၉ သူတို့က “ဘုရားသခင်ရဲ့ သားတော်၊ ခင်ဗျားက ကျုပ်တို့နဲ့ ဘာဆိုင်လို့တုံး။+ ကျုပ်တို့ကို အချိန်မတိုင်ခင်+ ဒဏ်ခတ်ဖို့ ဒီကိုရောက်လာတာလား”+ ဆိုပြီး အော်ပြောတယ်။

  • မာကု ၅:၂-၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂ ယေရှု လှေပေါ်ကဆင်းတာနဲ့ နတ်ဆိုးပူးသူတစ်ယောက် သင်္ချိုင်းဂူတွေကြားကနေ ထွက်လာပြီး ယေရှုနဲ့ဆုံတယ်။ ၃ သင်္ချိုင်းတစပြင်မှာနေတဲ့ သူ့ကို ဖမ်းချုပ်နိုင်သူ မရှိခဲ့ဖူးဘူး။ သံကြိုးနဲ့ချည်ထားလို့တောင်  မရဘူး။ ၄ ခြေကျဉ်းခတ်ပြီး လက်ကို သံကြိုးနဲ့ချည်ထားလည်း သံကြိုးကို ဆွဲဖြတ်၊ ခြေကျဉ်းကို အပိုင်းပိုင်း ချိုးလေ့ရှိတယ်။ သူ့ကို ဖမ်းချုပ်နိုင်သူ မရှိဘူး။ ၅ သင်္ချိုင်းတစပြင်နဲ့ တောင်ပေါ်မှာ နေ့နေ့ညည အော်ဟစ်ပြီး ကိုယ်ကို ကျောက်စောင်းနဲ့ရှအောင် လုပ်တတ်တယ်။ ၆ သူက ယေရှုကို လှမ်းမြင်တဲ့အခါ အပြေးအလွှား လာပျပ်ဝပ်ပြီး၊+ ၇ “အမြင့်ဆုံးဘုရားသခင်ရဲ့ သားတော် ယေရှု၊ ခင်ဗျားက ကျုပ်နဲ့ ဘာဆိုင်လို့တုံး။ ကျုပ်ကို ဒဏ်မခတ်ဘူးလို့ ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုပါ” လို့အော်ပြောတယ်။+ ၈ ယေရှုက “နတ်ဆိုး၊ သူ့အထဲကနေ ထွက်စမ်း” ဆိုပြီး အမိန့်ပေးလိုက်လို့ပဲ။+ ၉ “မင်းနာမည် ဘာလဲ” လို့ ယေရှုမေးတဲ့အခါ “ကျုပ်နာမည် တပ်ဖွဲ့လို့ခေါ်တယ်။ ကျုပ်တို့ဟာ အလုံးအရင်းကြီးပါ” လို့ဖြေတယ်။ ၁၀ ပြီးတော့ ဒီပြည်ကနေ မနှင်ထုတ်ဖို့ နတ်ဆိုးတွေ အကြိမ်ကြိမ် တောင်းပန်တယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ