-
မဿဲ ၈:၃၀-၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၀ သူတို့နဲ့မနီးမဝေးမှာ ဝက်အုပ်ကြီးတစ်အုပ် ကျက်စားနေတယ်။+ ၃၁ နတ်ဆိုးတွေက “ကျုပ်တို့ကို နှင်ထုတ်မယ်ဆိုရင် အဲဒီဝက်အုပ်ထဲသာ နှင်ထုတ်လိုက်ပါ” ဆိုပြီး တောင်းပန်တယ်။+ ၃၂ ဒါနဲ့ ယေရှုက “ထွက်သွားကြ” လို့အမိန့်ပေးတဲ့အခါ နတ်ဆိုးတွေ ထွက်သွားပြီး ဝက်အုပ်ထဲ ဝင်ပူးတဲ့အတွက် ဝက်တစ်အုပ်လုံး ကမ်းပါးပေါ်ကနေ တစ်ဟုန်ထိုးကျပြီး ရေနစ်သေကုန်တယ်။ ၃၃ ဝက်ကျောင်းသူတွေလည်း မြို့ထဲပြေးဝင်ပြီး နတ်ဆိုးစွဲသူတွေအကြောင်း ဖြစ်ကြောင်းကုန်စင် ပြောပြကြတယ်။ ၃၄ အဲဒီအခါ တစ်မြို့လုံး ယေရှုကိုတွေ့ဖို့ ထွက်လာပြီးနောက် သူတို့ဒေသကနေ ထွက်သွားပါလို့ တိုက်တွန်းကြတယ်။+
-
-
မာကု ၅:၁၁-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ အဲဒီတောင်ပေါ်မှာ ဝက်အုပ်ကြီးတစ်အုပ်+ ကျက်စားနေတယ်။+ ၁၂ နတ်ဆိုးတွေက “ကျုပ်တို့ကို ဒီဝက်အုပ်ထဲ ဝင်ခွင့်ပြုပါ” လို့ တောင်းပန်တယ်။ ၁၃ ယေရှု ခွင့်ပြုလိုက်တော့ နတ်ဆိုးတွေ ထွက်သွားပြီး ဝက်တွေထဲ ဝင်ပူးတဲ့အတွက် ၂,၀၀၀ လောက်ရှိတဲ့ ဝက်အုပ်ဟာ ကမ်းပါးပေါ်ကနေ တစ်ဟုန်ထိုးကျပြီး ရေနစ်ကုန်တယ်။ ၁၄ ဝက်ကျောင်းသူတွေက မြို့ရွာတွေဆီ အပြေးအလွှား သွားပြောပြတဲ့အခါ ဖြစ်ပျက်ပုံကို လူတွေ လာကြည့်ကြတယ်။+ ၁၅ သူတို့ ယေရှုဆီ ရောက်လာတဲ့အခါ နတ်ဆိုးတပ်ဖွဲ့ ဝင်ပူးဖူးသူဟာ အဝတ်ဝတ်ပြီး ပုံမှန်စိတ်အခြေအနေနဲ့ ထိုင်နေတာကို မြင်လိုက်ရတော့ ကြောက်လန့်သွားတယ်။ ၁၆ မျက်မြင်သက်သေတွေကလည်း နတ်ဆိုးပူးသူ ဘာဖြစ်ခဲ့တယ်၊ ဝက်တွေ ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့အကြောင်း ပြန်ပြောပြကြတယ်။ ၁၇ ဒါကြောင့် လူတွေက ယေရှုကို ဒီနယ်ကနေ ထွက်သွားပါဆိုပြီး တောင်းပန်ကြတယ်။+
-