-
မဿဲ ၉:၂၀-၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ အဲဒီအခါ ၁၂ နှစ်လုံး သွေးသွန်နာစွဲနေတဲ့ အမျိုးသမီးတစ်ယောက်+ နောက်ကနေ ကပ်လိုက်လာပြီး ယေရှုရဲ့ ဝတ်လုံအမြိတ်ကို တို့တယ်။+ ၂၁ “သူ့ဝတ်လုံကို တို့လိုက်ရုံနဲ့ ငါ့ရောဂါ သက်သာသွားမှာပဲ” လို့ စိတ်ထဲမှာ သူပြောနေတယ်။ ၂၂ ယေရှုက လှည့်ကြည့်ပြီး သူ့ကိုတွေ့သွားတဲ့အခါ “သမီး၊ မကြောက်ပါနဲ့။ သမီးရဲ့ယုံကြည်ခြင်းက ပြန်ကျန်းမာစေပြီ”+ လို့ပြောတယ်။ ချက်ချင်းပဲ သူ့ရောဂါ ပျောက်သွားတယ်။+
-
-
မာကု ၅:၂၅-၂၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ ဆယ့်နှစ်နှစ်လုံး သွေးသွန်နာစွဲနေတဲ့+ အမျိုးသမီးတစ်ယောက်ရှိတယ်။+ ၂၆ သမားတော်လည်း စုံ၊ ရှိသမျှလည်း ကုန်သွားပေမဲ့ သူခံစားနေရတဲ့ ဝေဒနာ မသက်သာတဲ့အပြင် ပိုလို့တောင် ဆိုးလာတယ်။ ၂၇ သူက ယေရှုရဲ့သတင်းကို ကြားတဲ့အခါ လူအုပ်ထဲ တိုးဝင်၊ ယေရှုနောက်ကနေ ကပ်လိုက်လာပြီး ဝတ်လုံကို တို့တယ်။+ ၂၈ “သူ့ဝတ်လုံကို တို့လိုက်ရုံနဲ့ ငါ့ရောဂါ သက်သာသွားမှာပဲ” လို့ စိတ်ထဲမှာ သူတွေးနေခဲ့တာ။+ ၂၉ အဲဒီအခါ ချက်ချင်းဆိုသလို သွေးဆင်းတာ ရပ်သွားပြီး ရောဂါ သက်သာသွားတာကို သူခံစားလိုက်ရတယ်။
-