၁၈ တစ်နေ့၊ ယေရှုတစ်ယောက်တည်း ဆုတောင်းနေချိန်မှာ တပည့်တွေ အနားရောက်လာတယ်။ ယေရှုက “လူတွေ ကျွန်တော့်ကို ဘယ်သူလို့ ပြောကြသလဲ” လို့မေးတယ်။+ ၁၉ တပည့်တွေက “နှစ်ခြင်းပေးသူ ယောဟန်လို့ ပြောကြတယ်။ တချို့က ဧလိယတဲ့။ တချို့ကျတော့ ရှေးခေတ် ပရောဖက်တစ်ယောက် သေရာကနေ ပြန်ရှင်လာတာလို့ ပြောကြတယ်” ဆိုပြီး ဖြေတယ်။+