ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၁၂:၃၈-၄၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၈ အဲဒီအခါ ကျမ်းတတ်နဲ့ ဖာရိရှဲတချို့က ယေရှုကို “ဆရာ၊ ဆရာပြတဲ့ အံ့ဖွယ်အမှု တစ်ခုလောက် မြင်ချင်ပါတယ်”+ လို့ပြောတော့၊ ၃၉ ယေရှုက  “ဆိုးညစ်ဖောက်ပြန်တဲ့  လူမျိုးဆက်က* အံ့ဖွယ်အမှုကို  မြင်ချင်ကြတယ်။  ဒါပေမဲ့  ပရောဖက်ယောနရဲ့ အံ့ဖွယ်အမှုကလွဲလို့  ဘယ်အံ့ဖွယ်အမှုကိုမှ သူတို့ မြင်ရမှာ မဟုတ်ဘူး။+ ၄၀ ယောနက ငါးကြီးဝမ်းထဲမှာ သုံးရက်နေခဲ့ရသလို+ လူသားကလည်း မြေကြီးထဲမှာ သုံးရက် နေရလိမ့်မယ်။+ ၄၁ တရားစီရင်ချိန်မှာ နိနဝေမြို့သားတွေက ဒီလူမျိုးဆက်နဲ့အတူ အသက်ပြန်ရှင်လာပြီး ဒီလူမျိုးဆက်ဟာ အပြစ်ရှိသူတွေဖြစ်မှန်း ထောက်ပြလိမ့်မယ်။ သူတို့က ယောနဟောတဲ့ စကားကြောင့် နောင်တရခဲ့ကြလို့ပဲ။+ အခု ဒီနေရာမှာ ယောနထက် ပိုကြီးမြတ်တဲ့သူ ရှိနေတယ်။+ ၄၂ တရားစီရင်ချိန်မှာ တောင်ပြည်ရဲ့ဘုရင်မက ဒီလူမျိုးဆက်နဲ့အတူ အသက်ပြန်ရှင်လာပြီး ဒီလူမျိုးဆက်ဟာ အပြစ်ရှိသူတွေဖြစ်မှန်း ထောက်ပြလိမ့်မယ်။ သူက ရှောလမုန်မင်းကြီးရဲ့ ပညာရှိစကားကို ကြားနာဖို့ အဝေးကြီးကနေ လာခဲ့လို့ပဲ။+ အခု ဒီနေရာမှာ ရှောလမုန်ထက် ပိုကြီးမြတ်တဲ့သူ ရှိနေတယ်။+

  • မဿဲ ၁၆:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ ဆိုးညစ်ဖောက်ပြန်တဲ့ လူမျိုးဆက်ဟာ အံ့ဖွယ်အမှုကို မြင်ချင်ကြတယ်။ ဒါပေမဲ့ ယောနအံ့ဖွယ်အမှုကလွဲလို့+ ဘယ်အံ့ဖွယ်အမှုကိုမှ မြင်ရမှာမဟုတ်ဘူး”+ လို့ပြောပြီး သူတို့ဆီကနေ ထွက်သွားတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ