-
လုကာ ၉:၄၆-၄၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၆ နောက်တော့ တပည့်တွေက ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုတာ အချင်းချင်း ငြင်းခုံကြတယ်။+ ၄၇ ယေရှုက သူတို့ ဘာတွေတွေးနေမှန်း သိတဲ့အတွက် ကလေးငယ်တစ်ယောက်ကို ခေါ်ပြီး အနားမှာ ရပ်ခိုင်းတယ်။ ၄၈ အဲဒီနောက် “ကျွန်တော့်နာမည်ကို ထောက်ပြီး ဒီကလေးငယ်ကို လက်ခံတဲ့သူဟာ ကျွန်တော့်ကို လက်ခံတဲ့သူပဲ။ ကျွန်တော့်ကို လက်ခံတဲ့သူဟာ ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ကို လက်ခံတဲ့သူပဲ။+ ခင်ဗျားတို့ထဲမှာ အနှိမ့်ချဆုံးလူဟာ အကြီးမြတ်ဆုံးလူပဲ”+ လို့ပြောတယ်။
-